Beauty and The Rabbit 3️⃣ [Final]

2.3K 279 9
                                    

Unicode

သူနဲ့ Taehyung တို့လက်ထပ်ဖို့အ​ကြောင်းကို လူကြီးချင်းတိုင်ပင်ပြီးတဲ့​နောက် ညဝတ်အင်္ကျီကိုလဲဖို့ဆိုပြီး ပြန်သွားတဲ့အသက်က​​လေးရဲ့​​နောက်ကို Jungkook တစ်​ယောက် လူကြီး​တွေကိုခွင့်​တောင်းပြီး လိုက်သွားလိုက်သည်။

Taehyung တစ်​ယောက်အခန်းကိုပြန်​နေတုန်း အ​နောက်က​နေလိုက်လာတဲ့လူကြီး​​ကြောင့် စိတ်​တွေလှုပ်ရှားလာရပြန်သည်။အဲ့လူကြီးက သူ့​နောက်ကို ဘာလုပ်မှန်းမသိဘူး။

"Taehyung"

အခန်းထဲဝင်ခါနီး သူ့ပုခုံးကိုပုတ်ပြီး နာမည်ကို​​ခေါ်လိုက်တဲ့ လူကြီး​ကြောင့် Taehyung ​​လေးတစ်​ယောက်လန့်သွားမိပြန်သည်။

"ဘာလာလုပ်တာလဲ။"

Taehyung တစ်​ယောက်မ​ကျေမနပ်​ပြောလိုက်မိသည်။ Jungkook က​တော့ ညအိပ်ဝတ်စုံအပြာ​ရောင်​လေးနဲ့ တစ်မျိုးတစ်ဖုံ ချစ်ဖို့​ကောင်း​နေတဲ့ က​လေး​ငယ်ကို အမြတ်တနိုးကြည့်​နေမိသည်။

"​ဟေ့ လူကြီး​မေး​နေတယ်​လေ။ ဘာလာလုပ်တာလဲလို့။"

လက်ထပ်ဖို့အ​လောတကြီး စီစဥ်သည့်ကိစ္စကို မ​ကျေမနပ်ဖြစ်​​နေပုံ​​ပေါ်သည့် ​​ပေါက်စကစူပုတ်ပုတ်ရုပ်က​လေးနဲ့ ​မေး​နေ​ပေမယ့် ​​ခေါင်းကို​တော့ငုံ့ထားမြဲပင်။ ​စူပုတ်​နေတဲ့ရုပ်က​လေးကလဲ ချစ်ဖို့​ကောင်း​နေပြန်သည်။

"လက်ထပ်ဖို့အ​လောတကြီး စီစဥ်လိုက်တာလိုက်တဲ့ ကိုမကြိုက်ဘူးမလား။ အဲ့အ​ကြောင်း​ပြောဖို့ လာခဲ့တာ​​လေ။"

Taehyung တစ်​ယောက်အဲ့​တော့မှ နည်းနည်း​ကျေနပ်သွားသည်။ ဟုတ်တယ်​​လေ။ သူကဘယ်​လောက်ပဲချစ်ဖို့​ကောင်း​ကောင်း သူ့ကိုလက်ထပ်ချင်ရင် သူ့ကိုအရင်ခွင့်​တောင်းသင့်တာ​ပေါ့။ အခုလိုလုပ်လိုက်​တော့ ထယ်ထယ်က ဘယ်လိုလုပ်စိတ်​ကောင်းပါ့မလဲလို့။

ဒါ​ပေမယ့်အဲ့လိုလုပ်​တဲ့လူကြီးကို မုန်းလားလို့​မေးရင်​တော့ မမုန်းပါ။ ဒီအတိုင်းသူ့ဆန္ဒကိုမ​မေးလို့ ဝမ်းနည်းရုံသက်သက်သာ။ အခု​တော့လာရှင်းပြမယ်ဆို​တော့ စိတ်ဆိုးချင်​ယောင်​ဆောင်ရဦးမည်။ ဒါမှဒီလူကြီးမှတ်မှာ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Dove le storie prendono vita. Scoprilo ora