𝗬𝗼𝘂 𝗱𝗼𝗻'𝘁 𝗸𝗻𝗼𝘄 𝗺𝗲 • 1

1.7K 195 11
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

"နင့်ကို Jeon Jungkook ကနှိပ်စက်ပြန်ပြီမလား။"

သူ့မျက်နှာမှာအခုထိ အရာကျန်​နေ​သေးတဲ့ လက်ရာကိုကြည့်ကာ ​ပြောလာသည့် Yura ​ကြောင့် Taehyung စိတ်ကျဥ်းကြပ်သွားရသည်။

သူဒီအ​ကြောင်း​တွေကို တခြားလူ​တွေကိုမသိ​စေချင်ဘူး။ အစ်ကိုကသူ့ကို ရိုက်တယ်ဆိုတာကို သူ့အ​ပေါ်​ဒေါသထွက်လို့ ရိုက်တယ်ဆိုတာကို သူနားလည်​ပေမယ့် အပြင်လူ​တွေက​တော့ နားလည်နိုင်မည်မဟုတ်ပါ။ Taehyung က​တော့အစ်ကို Jungkook ကိူနားလည်ပါသည်။ သူကအရိုက်ခံဖို့ ထိုက်တန်သည့်လူတစ်​ယောက်မလို့ အခုလိုအရိုက်ခံရ​လောက်တာကို​တော့ စိတ်ထဲမထားပါ။ ​ကျေ​ကျေနပ်နပ်ပင် ခံယူချင်မိသည်။

"နင်အမြဲတမ်း အခုလိုငြိမ်ခံ​နေလို့ Jeon Jungkook က နင့်ကိုအနိုင်ယူ​နေတာ။ နင်ဘာလို့အခုလိုကြီး ​နေ​နေရတာလဲ Taehyung ရယ်။"

သူ့လက်​တွေကိုကိုင်ရင်း ​ပြော​နေသည့် Yura ကို Taehyung ဘာပြန်​ပြောရမှန်းကိုမသိ။ သူကိုယ်တိုင်​အခုလို ဘဝကြီးကို​ကျေ​ကျေနပ်နပ်နဲ့ ​ပျော်​ပျော်ကြီး ​မွေ့​လျော်​နေတာ​လေ။ တခြားသူကိုအပြစ်မဖို့ချင်မိပါ။ အားလုံးက သူ့​လောဘ​ကြောင့်ဖြစ်တည်လာရသည့် အရာ​တွေချည်းသာ။

"ငါ​ပြောတာ​​လေးကိုလဲ အာရုံထားပါဦး Taehyung ရယ်။ နင်ဘာလို့ဘဝကို အခုလိုရှင်သန်​နေရတာလဲ။"

စိတ်ထဲဘဝင်မကျသည့် ​လေသံနဲ့​ပြောလာပြန်သည့် Yura။ Taehyung တစ်​ယောက် စကားလမ်း​ကြောင်းလွှဲသည့်အ​နေဖြင့်

"အ​မေ​ရော ​နေ​ကောင်းရဲ့လား။ ​ဆေးဖိုးလို​သေးရင် ငါ့ကို​ပြော​နော်။"

သူ့စကား​ကြောင့် Yura ကစိတ်ထဲ​နောက်ကျိသွားဟန်ပုံ​ပေါ်သည်။ သူ့ကိုကြည့်ရင်း ​ခေါင်းခါကာ

"အ​မေ့​ဆေးဖိုး​ကြောင့် နင်ဒီဘဝကြီးမှာ ရှင်သန်​နေတာလား Taehyung ။ နင်လဲ​ပေးဆပ်သင့်သ​လောက် ​ပေးဆပ်ပြီးပြီဘဲ။ ငါ့စား​သောက်ဆိုင်က ​သေး​သေး​လေးဆို​ပေမယ့် နင်တစ်​ယောက်ကို​တော့ ​ကောင်း​ကောင်း​ကျွေးထားနိုင်​သေးတယ်။ အ​မေ့​ဆေးဖိုးအတွက်​တော့ ရှာရမှာဆို​ပေမယ့် နင့်ကိုအခုလိုဆက်မ​နေ​စေချင်​တော့ဘူး။"

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Wo Geschichten leben. Entdecke jetzt