Kim Taehyung's 1️⃣

1.6K 147 12
                                    

Unicode

ချစ်ရသူအ​ကြောင်း ​တွေးကြပြီ၊​ပြောကြပြီဆိုရင် လူ​တွေကချစ်ရသူနဲ့ စဆုံချိန်ရဲ့လှပမှုအ​ကြောင်းကို အမြတ်တနိုးသီကုံးကြလိမ့်မယ်ထင်သည်။ ​ဂျောင်ဂုအတွက်က​တော့ ထိုသို့သီကုံးရ​လောက်မည့် အလှအပတရား​တွေ ရှိလိုမ​နေခဲ့ပါ​ချေ။

​နောက်တစ်ချက်အ​နေဖြင့် သူက သူမြတ်နိုးရတဲ့အမျိုးသားကို ပထမ​ဆုံး​စ​တွေ့ဖူးချိန်မှာ ချစ်ခဲ့တာမဟုတ်ဘဲ ဒုတိယ​တွေ့ဆုံချိန်မှသာ ချစ်ခဲ့၊မြတ်နိုးခဲ့ခြင်းဖြစ်သည်။

ပထမဆုံးတစ်​ခေါက်​တွေ့ဆုံချိန်ဟာ မလှမပအကျည်းတန်မှု​တွေနဲ့ပြည့်နှက်လို့​နေခဲ့ပြီး အသက်သည်းညှာအ​​လောင်းအလျာ​လေးကို ချစ်​ပေးဖို့​သတိမထားမိနိုင်​လောက်​​အောင် ဗရုတ်ကျခဲ့​လေသည်။

ဒီလူသားဟာ သူနဲ့မလိုက်ဖက်ဘူး။ သူနဲ့မသင့်​တော်ဘူး။ သူတို့နှစ်​ယောက်ပေါင်းဖက်ဖို့လဲအခွင့်အလမ်းအ​တော်နည်းပါတယ်။ ဒါ​တွေကိုသိသိကြီးနဲ့ သူဟာအဆိပ်ပြင်းပြင်းပန်းတစ်ပွင့်ကို မြတ်နိုးခဲ့မိပါတယ်။ သူဟာထိုအမျိုးသားအတွက် ကစားစရာတစ်ခုအဖြစ်ခံခဲ့မိတယ်။

ဖြစ်ဖြစ်သမျှအ​ကြောင်းစုံက​တော့ သူချစ်မိသွားလို့ပါ။ မချစ်သင့်တဲ့အမျိုးသားတစ်​ယောက်ကို ချစ်မိသွားတဲ့အတွက် အဲ့အချစ်ရဲ့အဆိပ်သင့်မှု​တွေကို လက်သင့်ခံနိုင်ခဲ့တာပါ။

နှင်းဆီပန်းလိုဆူး​တွေအပြည့်နဲ့ နမ်းရှိုက်ဖို့ခဲယဥ်းတဲ့ကင်မ်ထယ်​ယောင်းဆိုတဲ့ပန်း​လေး။ ​သွေးအထွက်ခံဆုပ်ကိုင်ပြီး နမ်းရှိုက်မိပြန်​တော့ကျ နမ်းရှိုက်သူဟာအဆိပ်​တွေသာ သင့်လို့သွားရတယ်။ တကယ်ဆိုနီရဲရဲ ပန်းပွင့်ငယ်​လေးရဲ့ဆူး​တွေကို နှုတ်ယူလိုက်ရင် သူထူးပြီးနာကျင်ရမှာမဟုတ်​လောက်ပါဘူး။

ခက်သည်က သူကိုကထိုသို့အလိုရှိခဲ့တာ​လေ။ ပန်း​လေးရဲ့ဒဏ်ရာ​တွေကို ကုစားနိုင်ဖို့သူကအနာကျင်ခံခဲ့တာ။

ထိုသို့လုပ်ခဲ့မိတာ​တွေအတွက်လဲ သူဘယ်​သောအခါမှာမှ ​နောင်တရမှာမဟုတ်ပါဘူး။ သူချစ်မိသွားလို့​လေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Donde viven las historias. Descúbrelo ahora