Realize ▪︎ 1 ▪︎

2.5K 232 8
                                    

Unicode

​Jungkook တစ်​ယောက်​ရေချိုးခန်းထဲက​နေ ထွက်လာလာချင်း မြင်လိုက်ရတဲ့ မြင်ကွင်း​ကြောင့်ရင်ထဲ ဗ​လောင်ဆူသွားသည်။ Taehyung ကသူထားခဲ့အတိုင်း အဝတ်ကင်းမဲ့​နေတဲ့ ခန္ဓာငယ်​လေးကို ​စောင်နဲ့တင်း​နေ​အောင်ပတ်ကာ ဒူးပိုက်ပြီးငို​နေခဲ့သည်။ Taehyung ဘာလို့ငို​နေတာလဲ ဆိုတာကိုသူနားမလည်။

​ရေချိုးဝတ်စုံနဲ့ပင် Taehyung အနားကိုသွားကာ ​တုန်ရီ​နေတဲ့ ခန္ဓာကိုယ်​လေးကို​ထွေး​ပိုက်ထားရင်း ချစ်ရသူ​လေးရဲ့ မျက်ရည်​တွေကိုတယုတယသုတ်​ပေးကာ

"ဘာလို့ငို​နေတာလဲ ထယ်ရယ်။ ​နေရတာတစ်မျိုးကြီး ဖြစ်​နေလို့လား။ "

​ခေါင်းခါရုံကလွဲပြီး ဘာမှပြန်မ​ပြောတဲ့ထယ်။ ရှည်လျားပြီး​​ကော့ညွှတ်​နေတဲ့မျက်​တောင်​လေး​တွေမှာ မျက်ရည်​လေး​တွေစွတ်လို့။ နှုတ်ခမ်း​လေး​တွေကလဲ အရင်ကထက်နှစ်ဆပိုပြီးရဲ​နေတာ​ကြောင့် အသည်းယားမိ​ပေမယ့် ညတုန်းကတင် ထယ်နဲ့သူနဲ့က မင်္ဂလာဦးညကို ဖြတ်သန်းခဲ့တာဆိုတဲ့ အ​တွေး​ကြောင့် ထယ့်ရဲ့ပါးဖြူဖြူနု​နု​လေးကိုသာ အမြတ်တနိုးနမ်းလိုက်ပြီး

"အိပ်ယာကနိုးနိုးချင်း လန်းသွား​အောင်​ရေချိုးလိုက်​နော် ထယ်။ ကိုယ်အကုန်ပြင်ပြီးသွားပြီ။"

ဒီတစ်​ခေါက်မှာလဲ ဘာမှပြန်မ​ပြောဘဲ ​ခေါင်းသာငြိမ့်ပြပြန်သည့်ထယ်။ ထယ်လမ်း​လျှောက်တာ အဆင်မ​ပြေမှာစိုးလို့ ကူပြီးလိုက်ပို့​ပေးမလို့လုပ်​ပေမယ့် ​သူ့​ဘေးနားကညအိပ်ဝတ်စုံကို ​ကောက်ဝတ်သွားကာ မခိုင်တဲ့​ခြေ​ထောက်ကို အားတင်း​လျှောက်ကာ​ရေချိုးခန်းထဲ ဝင်သွားတဲ့ထယ်​ကြောင့် Jungkook လဲဘာမှမ​ပြော​တော့ဘဲ မနက်စာပဲသွားပြင်လိုက်​တော့တယ်။

အရင်ကလဲ ထယ့်အတွက်ပြင်​ပေးခဲ့ဖူးတာမို့လို့ ထယ်ဘာကြိုက်တယ်ဆိုတာ ​ကောင်း​ကောင်းသိ​နေတယ်​လေ။ ဒီ​နေ့နိုးထလာရတဲ့ မနက်ခင်းက သူ့အတွက်အ​ကောင်းဆုံး မနက်ခင်းတစ်ခုဆိုရင်လဲ မမှား။ နှစ်​တွေအများကြီးချစ်ခဲ့ရတဲ့ သူ့ဘက်က​​နေတိတ်တခိုးချစ်ခဲ့ရသူ​လေးက အခုဆိုသူ့အပိုင်ဖြစ်လာခဲ့ပြီ​လေ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now