Realize ▪︎ 2 ▪︎

1.4K 228 9
                                    

Unicode

"အဆင်​ပြေခဲ့လား Yugyeom။"

ရုံးခန်းထဲကို Yugyeom ဝင်လာလာချင်းမှာတင် Jungkook ​မေးခွန်းထုတ်မိသည်။ Yugyeom ကသူ့ရဲ့အခင်တွယ်ရဆုံး သူငယ်ချင်းဖြစ်သလို အခုအချိန်မှာ သူအယုံကြည်ရဆုံး သူ့ရဲ့လုပ်​ဖော်ကိုင်ဖက် တစ်​ယောက်ဖြစ်သည်။

လုပ်ငန်း​တွေအကုန်လုံးကို သူဦး​ဆောင်တာဆို​ပေမယ့် Yugyeom ကိုအလုပ်သမားတစ်​ယောက်လို သ​ဘောမထားဘဲ သူငယ်ချင်းလိုပဲ အမြဲဆက်ဆံတာ​ကြောင့် နှစ်​ယောက်သားအတူအလုပ်လုပ်ရတာ အဆင်​ပြေလှသည်။ ပြီး​တော့သူလိုအပ်လာတဲ့ အကူအညီတိုင်းကို Yugyeom ကိုအကူအညီ​တောင်းဖြစ်သည်​လေ။

"​ငွေ​တွေအများကြီး ပုံ​ပေးလိုက်မှ​တော့ အဆင်​ပြေသွားတာ​ပေါ့။ ဒါ​ပေမယ့်မ​ကျေနပ်ချင်တဲ့သူက ရှိ​သေးတယ်။"

Yugyeom ရဲ့စကား​ကြောင့် Jungkook စိတ်ပူမိပြန်သည်။ ထယ့်ကိုသူလက်ထပ်ပြီးမှ သိလာရတာက ထယ်ကသူသိထားတာထက် အများကြီးဆိုး​နေသည်။အသုံးမလိုတဲ့​​နေရာ​တွေမှာပဲ ​ငွေကိုသုံးဖြုန်းပစ်သည်။
လူတိုင်းကိုလဲ ​မောက်​မောက်မာမာဘဲ ဆက်ဆံတတ်​သည်။ အသက်အရွယ်က အရမ်းငယ်​တော့တဲ့အရွယ်မဟုတ်ဘဲနဲ့ ရန်ဖြစ်တတ်​သေးသည်။

အခုလဲ bar တစ်ခုမှရန်ဖြစ်လို့ အချုပ်ကျ​နေတာ​ကြောင့် Yugyeom ကိုအကူအညီ​တောင်းကာ သွားထုတ်ခိုင်းရပြန်သည်။ ထယ့်ကိုအခုလိုမျိုး ဆိုးသွမ်း​နေတာမျိုး မလိုချင်ဘူး။ အရင်တုန်းက ထယ်ဆိုးတာကို သိ​ပေမယ့် အခုထယ်က အိမ်​ထောင်သည်ဖြစ်​နေပြီ​လေ။

"ဘယ်သူက မ​ကျေမနပ်ဖြစ်​နေတာလဲ။ ​ပေးတဲ့​ကြေ​အေး​ငွေကို မ​ကျေနပ်လို့လား။ "

Jungkook စိတ်ပူစွာ​မေးမိသည်။ ထယ့်​ကြောင့်အခုလို ခဏခဏ ဖြစ်တိုင်းပိုက်ဆံ​ပေးပြီး ရှင်းလိုက်နိုင်တယ်ဆို​ပေမယ့် တစ်ဖက်က​ကြေ​အေးမ​ပေးဘူးဆိုရင် ထယ့်အတွက်ဘာမှ​ကောင်းလာမည်မဟုတ်။

"​ကြေ​အေး​​ငွေကို မ​ကျေနပ်တာမဟုတ်ဘူး။ မ​ကျေနပ်ဘူးဆိုတဲ့လူက တခြားလူမဟုတ်ဘူး။ မင်း​ယောက်ျား Taehyung ။"

"ထယ်က ဘာကိုမ​ကျေနပ်တာလဲ။"

"သူ့ကိစ္စကို မင်းကိုယ်တိုင်မလာလို့ဆိုပြီး မ​ကျေမနပ်ဖြစ်​နေတာ။ မင်းကသူအခုလိုဖြစ်​နေတာကို ရှက်လို့မလာတာလားဆိုပြီး ငါ့ကိုပြဿနာရှာ​နေ​​သေးတာ။ "

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now