HE IS MY MAN.

1.5K 185 41
                                        

Unicode

"အခုတ​လော ကိုယ်မင်းနဲ့​တွေ့ဖြစ်​တော့မယ်မထင်ဘူး။ ကိုယ်တို့​တွေနှစ်လနီးပါး​လောက် အဆက်အသွယ်ဖြတ်​နေရလိမ့်မယ်။ အဆင်​ပြေတဲ့အချိန်ကျရင်​တော့ ကိုယ်မင်းကို ဆက်သွယ်မှာပါ။"

ခဏ​လေး​တွေ့ရတဲ့အချိန်က​လေးမှာ​တောင် အလုပ်ကိုလက်ကမချနိုင်သည့်ထယ်​ယောင်းသည် ထိုသို့ဆိုလာ​လေသည်။ ခုတင်​ပေါ်မှာလှဲ​နေသည့်​ဂျောင်ဂုက​တော့ သူနားမလည်နိုင်​သောစာရွက်​တွေကို ကြည့်​နေသည့်ထယ်​ယောင်းအနားကိုသွားရင်း

"အလုပ်​တွေအပိမခံပါနဲ့လား အစ်ကိုရာ။ အစ်ကို့မှာနားချိန်​​ရောရှိ​သေးရဲ့လား။"

​ထယ်​ယောင်းလက်ထဲက စာရွက်က​​လေး​တွေကို ချ​စေရင်း ထယ်​ယောင်းလည်ဂုတ်​လေးကို ​ဂျောင်ဂုနမ်းမိသည်။ အဲ့​နောက်​တော့ ထယ်​ယောင်းဝတ်ဆင်ထား​သောဖြူလွလွ bath robe ကိုဂုတ်သား​တွေ​ပေါ်​အောင်ဖြဲချမိသည်။ အမှတ်အသားလှလှ​လေး​တွေတည်ရှိ​နေတဲ့ ထယ်​ယောင်းရဲ့အသားအရည်ကြည်လင်လင်​လေး​ပေါ် ​သူ့နှုတ်ခမ်း​တွေထပ်မံ​ခြေချဖို့ ကြံစည်မိ​တော့ ထယ်​ယောင်းကလက်ကာတား​တော့သည်။

"ကိုယ်မင်းနဲ့အချိန်မဖြုန်းနိုင်​တော့ဘူး ​ဂျောင်ဂု။ အတူ​နေတဲ့ကာလမှာ အ​ခြေအ​နေပုံစံတစ်မျိုးဆို​ပေမယ့် မင်းကို​ထောက်ပံ့​နေတာ ကိုယ်​နော်။ မင်းလိုချင်​နေရင် တခြားသူဆီသွားလိုက်။ ကိုယ့်မှာလုပ်စရာရှိတယ်။"

ထယ်​ယောင်းနှုတ်ကထွက်တဲ့စကား​တွေက ​ဂျောင်ဂုကိုအများကြီးမွန်းကြပ်​စေသည်။ မတူညီတဲ့သူတို့နှစ်ဦးရဲ့ ယူဆချက်​တွေကြား သူ့နှလုံးသားကို​အစ်ကိုက နားမလည်။

အစ်ကိုနဲ့အတူရှိ​နေရတာကိုသာ လိုချင်မက်​မောတဲ့သူက အစ်ကိုသူ့နားခဏ​​လေးဖြစ်ဖြစ် ပိုရှိဖို့သာလိုချင်မိသည်။ ခက်သည်ကအစ်ကိုနဲ့သူရဲ့ဆက်ဆံ​ရေးဟာ လူသိခံစရာမ​ကောင်းသည့်အပြင် ​တွေ့ဆုံရတဲ့အချိန်ကလဲ အစ်ကိုသူ့ကိုတမ်းတသည့်အချိန်​ကလွဲလို့ တခြားမရှိဘူး​လေ။

တကယ်တမ်းကျ အတူယှဥ်တွဲ​နေတယ်ဆိုတဲ့ကိစ္စကို အစ်ကို့အပြင်တခြားသူနဲ့ သူမပြုလုပ်ဖူးသလို အစ်ကိုမဟုတ်တဲ့တခြားတစ်​ယောက်ဆီမှာ ဘယ်​တော့မှသာယာမှုရှာ​ဖွေမှာမဟုတ်။ သူမက်​မောတာ ထိုအရာ​တွေမှမဟုတ်တာ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now