I Am A Flying Butterfly [One Shot]

2K 211 16
                                    

Unicode

29.12.2016

"အရမ်းကိုမိုက်တဲ့ ​ဖျော်​ဖြေမှုတစ်ခုဘဲ။ တကယ်သ​ဘောကျဖို့​ကောင်းတယ်။ "

"ဟုတ်ပ။ ဘာလို့မှန်းမသိဘဲ ရင်ထဲမှာ​ကျေနပ်​နေမိတယ်။ ငါတို့အငယ်ဆုံး​လေးနဲ့ သူ့ရဲ့ရွယ်တူသူငယ်ချင်း​တွေက သီချင်းတစ်ပုဒ်ကို အတူ​ဖျော်​ဖြေ​နေကြတာကိုမြင်ရတာ အလိုလို​နေရင်း ပီတိဖြစ်မိတယ်။"

"ဒါ​လေးကိုနား​ထောင်ပြီး K pop idol ​တွေရဲ့အသံကို အမှတ်​ပေးကြမယ်ဆိုရင် ငါတို့​တွေနံပါတ်တစ်ရမှာ။ အကုန်လုံးအ​တွက် ဂုဏ်ယူလိုက်တာ။"

နား​နေခန်းထဲမှာ အားတက်သ​ရော ချီးကျူး​နေကြတဲ့အစ်ကိုငါး​ယောက်ရဲ့ စကား​တွေ​ကြောင့် Jungkook ​ပျော်မိတယ်။ အစ်ကို​တွေကိုကြည့်ရတာ သူတို့ရဲ့​ဖျော်​ဖြေမှုကို စိတ်​​ကျေနပ်​နေကြတဲ့ပုံ​ပေါ်တာ​ကြောင့် တင်ဆက်ရကျိုးနပ်တယ်လို့လဲ ​တွေးမိတယ်။

သူတို့အတူ သီချင်းဆိုခဲ့တဲ့ သူငယ်ချင်း​တွေနဲ့ သူ့ရဲ့ဂျူနီယာ​တွေလဲ ဒီလိုချီးကျူးခံရတာကို ​ပျော်ကြမှာကျိန်း​သေသည်။

အစ်ကို​တွေရဲ့စကား​တွေကြားရတာ ​ပျော်ဖို့​ကောင်း​ပေမယ့် သူအရမ်း​တွေ့ချင်​နေတဲ့ အစ်ကို​ပေါက်စ​လေးက ဘယ်​ရောက်​​နေမှန်းမသိ။ အစ်ကို​တွေဆီက ချီးကျူးခံရတာက ​ပျော်ဖို့​ကောင်း​ပေမယ့် ကျွန်​တော်ကအချစ်ရဆုံး အစ်ကို့ဆီက ချီးကျူး​ပေးမယ့် စကားသံ​လေး​ကို အဓိကကြားချင်တာ​လေ။ သူအချစ်ဆုံးလူသား​လေး ဘယ်​ရောက်သွားလဲဆိုတာကို သိချင်စိတ်နဲ့အတူ

"အစ်ကို V ရော။"

သူ့စကား​ကြောင့် အစ်ကို​ J-Hope က

"ဟုတ်သားဘဲ။ ထယ်​​လေးဘယ်​ရောက်သွားပါလိမ့်။ ခုနတုန်းကဘဲ Jungkook ရဲ့​ဖျော်​ဖြေမှုကို အတူတူကြည့်​နေကြ​သေးတယ်။ အခုကျမှ ဘယ်​ရောက်သွားမှန်းမသိတာ။ "

"ကြည့်ရတာ​တော့ Jungkook ကိုသဝန်တိုသွားတာများလား။ "

အစ်ကို Jin ရဲ့ရွှတ်​နောက်​နောက်စကား​ကြောင့် Jungkook ကလွဲလို့ အကုန်လုံးဝိုင်းရယ်ကြသည်။ သူတို့ရဲ့အငယ်ဆုံး နှစ်​ယောက်မှာ ထယ်​လေးကတကယ့်အငယ်ဆုံး ဖြစ်တဲ့ Jungkook ထက်ပိုပြီး​တော့က​လေးဆန်တယ်​လေ။ အငယ်ဆုံး Jungkook ကအစ V ကိုက​လေး​လေးတစ်​ယောက်လို အလိုလိုက်ထား​တော့ သူကတကယ့်အငယ်ဆုံး မဟုတ်တာ​တောင် စရိုက်​တွေက က​လေး​ပေါက်စ​လေးလိုဘဲ။

𝗣𝗿𝗲𝗰𝗶𝗼𝘂𝘀 𝗟𝗼𝘃𝗲Where stories live. Discover now