Unicode
အခန်း(၂) အပလောကအကျိုးဆောင်ရောက်ရှိလာ
ဆံပင်ခပ်မြင့်မြင့်စည်းထားတဲ့ကောင်မလေးသည် စောင်ထဲတိုးဝင်သွားပုံကိုကြည့်နေသည်။ အသနားခံနေရင်းမှ ခြိမ်းခြောက်မှုအသွင်ပြောင်းသွားပုံကိုနားထောင်နေသည်။ ဆုမော့မော့က မကောင်းဆိုးဝါးနှင်သော တောက်ဓမ္မဆရာကိုရှာပြီး သူမကိုမောင်းထုတ်မည်ဟုပင်ခြိမ်းခြောက်သေးသည်။
ဆံပင်ခပ်မြင့်မြင့်စည်းထားတဲ့ကောင်မလေးသည် သူမအားငေးကြည့်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ပျောက်ချင်းမလှပျောက်သွားပေသည်။
ဆုမော့မော့သည် ထိုနေ့ညတွင် ပုံမှန်ဆေးရုံခန်းသို့ ပြောင်းခွင့်ရလေသည်။ ကံကောာင်းထောက်မစွာဖြင့် လေးယောက်ခန်းဖြစ်နေသည်။ အခန်းထဲမှလူနာနှစ်ယောက်သည် ထိုနေ့ည၌ဆေးရုံဆင်းသွားသည်။ ဆုမော့မော့၏အဖေသည် ယနေ့ညတွင် ကုတင်လွတ်တစ်ခု၌ယာယီအိပ်ခွင့်ရလေသည်။
ဆုမော့မော့ ဖုန်းအသစ်တစ်လုံးရလိုက်သည်။ ကားမတော်တဆမှုကြောင့်ဖုန်းကွဲသွားပြီး ပြန်ပြင်မရတော့ဘူးဟု သူမအမေကဆိုသည်။
ဆေးရုံခန်းထဲတွင် ဆုမော့မော့သည် ဖုန်းကိုကိုင်ကာ search engine တွင် စကားလုံးလေးလုံးရိုက်ရှာလိုက်သည် ငါဝိဥာဉ်တစ်ကောင်တွေ့လိုက်တယ်...
ရိုက်ရှာလိုက်သောစာနှင့်ဆက်စပ်သည်များပေါ်လာသည် 'ဝိဥာဉ်ကိုမြင်ရင်ဘာလုပ်ရမလဲ' ၊ 'ငါဝိဥာဉ်မြင်ရတယ်တာ ဘာလို့လဲ' ၊ 'ငါတကယ်ကြီးဝိဥာဉ်မြင်လိုက်ရတယ်'...
ဆုမော့မော့ ခဏစဥ်းစားပြီးနောက် ပထမဆုံးတွေ့သော linkထဲဝင်လိုက်သည်။ အဖြေကတော့ "သင်အားအင်တွေအလွန်ကုန်ခမ်းနေတာဖြစ်ပါတယ်။ (စိတ်လွတ်လက်လွတ်အရမ်းမနေပါနဲ့၊ အပင်ပန်းအရမ်းမခံပါနဲ့၊ နောက်ကျတဲ့အထိမနေပါနဲ့) ထိုကဲ့သို့အားအင်ကုန်ခမ်းနေသူများသည် ဝိဥာဉ်များအလွယ်တကူမြင်ရတွေ့ရတတ်ပါတယ်၊ အလွယ်တကူဝင်ပူးခံရနိုင်ပါတယ်၊ နောက်ဆုံးသင့်ရဲ့ဝိဥာဉ်အနုတ်ခံရတဲ့အထိဖြစ်နိုင်ပါတယ်။"
စာဖတ်နေရင်းနှင့်ပင် ဆုမော့မော့၏မျက်နှာသည် သိသိသာသာပင်နီလာလေသည်။ အထက်ပါလုပ်ဆောင်ချက်များကို မပြောလျှင်တောင် ဆုမော့မော့သည် သူမဘဝ၏နှစ်ဆယ့်နှစ်နှစ်တာကာလပတ်လုံးတွင် အလေ့အကျင့်ကောင်းများကိုထိန်းသိမ်းထားသူဖြစ်သည်။ သူမသည်စောစောအိပ် စောစောထသည်၊ သူမသည် လန်းဆန်းတက်ကြွစွာနေထိုင်သူဖြစ်သည်။ ရည်းစားပင်တစ်ခါမှမထားဖူးသူဖြစ်သည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]