အခန်း (၅၄) မျက်ရည်ကလေးတစ်စက်

36 6 0
                                    

Unicode

အခန်း (၅၄) မျက်ရည်ကလေးတစ်စက်

လန်ရှင်းချန် အကြည့်တို့ရုတ်လိုက်သည်။ အထီးကျန်လာသည်။ ထို့နောက် ရှေ့နေရုံးဆီက တိတ်တိတ်လေးထွက်လာခဲ့သည်။ ဆုမော့မော့မျက်ဝန်းထဲမှ ကြည်လင်တောက်ပသောမျက်ရည်လေးတစ်စက်သည် အလျင်အမြန်စီးကျလာသည်။ ဆုမော့မော့မျက်နှာပေါ်တွင် ပုလဲလုံးလေးလိမ့်ကျလာသည်နှင့်တူသည်။

ဆုမော့မော့ကိုယ့်ကိုယ်ကိုယ်အံ့ဩမိသည်။ လက်ကလေးမြှောက်ကာ မျက်ရည်သုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်မှစိုစွတ်နေမှုကို မှင်သေသေလေးကြည့်နေမိသည်။ မျက်ရည်ကျမည့်အရိပ်အယောင်မရှိပါဘဲ မျက်ရည်ကျလာခြင်းသည် ဒါပထမဆုံးအကြိမ်ဖြစ်သည်။

အစည်းအဝေးခန်းထဲက ဘယ်သူကမှ ဒီလှုပ်ရှားမှုသေးသေးလေးကို သတိမထားမိကြပေ။ ထိပ်ဆုံးကခုံမှာထိုင်ပြီး ဆုမော့မော့ကို အချိန်ပြည့်ကြည့်နေသော ယွီရှောင်ခန့်မှလွဲ၍ဖြစ်သည်။

ဆုမော့‌မော့မျက်ရည်ကိုမြင်သောအခါ ယွီရှောင်ချန့်ပြုံးလိုက်ပြီးနောက် စိတ်ကိုလျှော့ချလိုက်သည်။ သူတွေဝေနေတာပဲလို့ သူသံသယပင်မိသည်။ ဆုမော့မော့ သူ့လက်ချောင်းထိပ်ကိုတွေတွေလေးကြည့်နေသည်ကို မြင်သောအခါ ယွီရှောင်ချန့်သေချာသွားသည်။ သူမှသူပဲ။ ယွီရှောင်ချန့်ရင်ထဲတွင် ထူးဆန်းသောခံစားချက်များဖြစ်တည်လာသည်။

အသက်သုံးဆယ်ဆိုတဲ့အရွယ်မှာ သူအများကြီးမြင်တွေ့ကြုံခဲ့ဖူးပြီ။ သူ့ခေါင်းထဲမှာစကားလုံးနှစ်လုံးထင်ဟပ်လာတဲ့အခါ စိတ်ကိုတည်ငြိမ်အောင်ထားဖို့မလွယ်တော့ပေ။ သူ ဆုမော့မော့မျက်ရည်ကိုမြင်နိုင်သည်။ ယွီရှောင်ချန့် ဝန်ခံပါသည်။ သူ့ရင်ခုန်သံစည်းချက်တို့နှေးကွေးသွားပြီး သူမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါလားဆိုပြီး ဝမ်းသာသွားသည်။

မြင်မြင်ချင်းအချစ်လား၊ မြင်ပြီးနောက်မှချစ်တဲ့အချစ်လား။ ယွီရှောင်ချန့် ဆယ်ကျော်သက်တုန်းက အကုန်ကြုံဖူးပြီးသားဖြစ်သည်။ ထိုအချိန်က ပထမဆုံးအကြိမ်ချစ်ခဲ့ဖူးတာဖြစ်သည်။ ငယ်ရွယ်ပြီး အရာရာကိုလျစ်လျူရှူတတ်သောအရွယ်ဖြစ်သည်။ သူသည် စကားနည်းသောအစ်မကြီးနဲ့တူခဲ့သည်။ သို့သော် နှလုံးသားထဲမှာပဲသူ့အချစ်ကိုမြှုပ်နှံထားလိုက်သည်။ နောက်တော့ သူအသက်ရွယ်ရလာလေ ပိုပိုပြီးအဆင်ပြေလာလေဖြစ်သည်။ ပြီးတော့ ကောင်မလေးတွေလည်း ဝိုင်းဝိုင်းလည်လာသည်။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now