အခန်း(၉) မပြည့်ဝခဲ့သောဆန္ဒများ/အခန္း(၉) မျပည့္ဝခဲ့ေသာဆႏၵမ်ား

43 11 0
                                    

Unicode

အခန်း(၉) မပြည့်ဝခဲ့သောဆန္ဒများ

အင်တာဗျူးမအောင်ဘူးဆိုမျိုးက ဖြစ်တတ်သောကိစ္စဖြစ်သော်လည်း ဆုမော့မော့ စိတ်ထဲတော့ရှိနေဆဲဖြစ်သည်။ သူမ၏အဆင့်များသည် ထိပ်ဆုံးစာရင်းတွင် အမြဲတမ်းပါဝင်သည်။ သူမသည် ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများအတွက် စံပြကလေးလိမ္မာလေးလည်း အမြဲဖြစ်နေခဲ့သည်။

သူမ သည်နေ့အင်တာဗျူးအတွက် အလုံအလောက်ကောင်းအောင် မလုပ်ဆောင်နိုင်ခဲ့သည်။ HRက ရည်ရွယ်ချက်ရှိရှိမေးခွန်းထုတ်လိုက်သည်ဖြစ်ဖြစ်၊ သူမေးသောမေးခွန်းကို ချက်ချင်းမဖြေနိုင်၍ အထင်သေးခံရခြင်းပဲဖြစ်ဖြစ်ကိစ္စမရှိတော့ပေ။ ဆုမော့မော့ အနည်းနည်းတော့ သိက္ခာကျသွားခဲ့ရပြီဖြစ်သည်။

သူမလူ့အသိုင်းအဝိုင်းတွင် အတွေ့အကြုံမရှိသူဖြစ်သည်။ လန်ရှင်းချန် သူမအားအမှန်တရားကို ပြောမပြခင်အထိ သူမအငြင်းခံရသော အကြောင်းပြချက်ဖြစ်နိုင်ချေများကို မစဉ်းစားမိ။

မတိုင်ခင်က သူမအလုံအလောက်ကြိုတင်ပြင်ဆင်ထားခြင်းမရှိ၍ ဖြစ်သည်ဟုသာ ခံစားနေခဲ့ရသည်။

လန်ရှင်းချန် ထွက်သွားပြီးတော်တော်ကြာပြီးနောက် ဆုမော့မော့ ပြန်ပြောင်းတွေးကြည့်မှ ဝိဉာဉ်မိန်းကလေး ဟော့ပေါ့လိုက်ကျွေးခြင်းသည် အမှန်တစ်ကယ်တွင် ဟော့ပေါ့အယောင်ပြ၍ သူမကို နှစ်သိမ့်ပေးခြင်းဖြစ်ကြောင်း နားလည်သွားသည်။

ဝိဉာဉ်မိန်းကလေးသည် ဆုမော့မော့၏စိတ်ပျက်နေခြင်း၊ ကိုယ့်ကိုယ်ကိုယ်အသုံးမကျဟု ထင်နေခြင်းကိုသိနေခဲ့သည်။ သူမသည် ဆုမော့မော့၏သိက္ခာကိုငဲ့၍ ရှင်းပြပြောဆိုပြီး နှစ်သိမ့်မည့်အစား ထိုသို့သောနည်းလမ်းမျိုးသုံး၍ သူမကို စောင့်ရှောက်ပေးခဲ့သည်။

သူမကို ခဲခြစ်ကံစမ်းမဲပေါက်အောင်လုပ်ပေးပြီး သူမအကြိုက်ဆုံးအစားအစာဖြစ်သော ဟော့ပေါ့ကို လိုက်ကျွေးခဲ့သည်။ သူမ အင်တာဗျူးမအောင်ခဲ့ခြင်းအပေါ်စိတ်မဖြတ်နိုင်သေးမှန်းသိ၍ သူတို့နှစ်ယောက်လမ်းခွဲခါနီးမှ အင်တာဗျူးမအောင်ရခြင်း အမှန်တရားကို ပြောပြပေးခဲ့သည်။

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora