Unicode
အခန်း (၂၇) မန္တန်ကိုချိုးဖျက်ခြင်း၊ မျက်မြင်သက်သေကိုရှာဖွေခြင်း
လန်ရှင်းချန်ဆီမှ ထိုစကားတို့အားကြားရပြီးနောက် ဆုမော့မော့ အမှန်တကယ်ပင် သူမအား သူမခန္ဓာကိုယ်ထဲအခုချက်ချင်းပင် ဝင်စေလိုက်ချင်သည်။ သို့မှသာ သူမကို အပြင်သို့ခေါ်ကာ စားကောင်းသောက်ဖွယ်များစားစေပြီး ကျန်းမာရေးအတွက် အာဟာရဖြစ်စေချင်သည်။
လန်ရှင်းချန်၏မျက်လုံးလေးများ အရောင်လက်သွားပေသော်ငြား သူမ၏ဒဏ်ရာရထားသောလက်မောင်းကိုကြည့်ပြီး ပြောလိုက်သည်။
"ဝိဉာဉ်ဆရာဝန်ကပြောလိုက်သေးတယ် အခုရက်ပိုင်းကို သက်ရှိစွမ်းအင်တွေနဲ့ အရမ်းကြီးမထိတွေ့နဲ့ဦးတဲ့။ အဲဒါက ပြန်ကောင်းဖို့ကြာစေတယ်တဲ့။ ဒီတော့ ငါပြန်ကောင်းလာမှ ငါတို့တစ်သားတည်းပေါင်းစည်းကြတာပေါ့!"
ဆုမိုမို ခပ်တောင့်တောင့်ဖြစ်သွားရသည်။ 'တစ်သားတည်းပေါင်းစည်းသည်'ဟူသောစကားလုံးသည် အင်တာနက်အသုံးအနှုန်းများကြောင့် ထူးဆန်းသောစကားစုတစ်ခုဖြစ်လာပေရာ အနည်းငယ်ထူးဆန်းနေသည်ဟု သူမခံစားနေရသည်။ အထူးသဖြင့် ထိုစကားစုတွင် 'ငါပြန်ကောင်းလာတဲ့အခါ'ဟူသော အထူးပြုစကားစု ထပ်ပေါင်းထည့်လိုက်သည့်အခါတွင် ဖြစ်သည်။
သို့သော် ဝိဉာဉ်မိန်းကလေး အလေးအနက်ပြောဆိုနေပုံနှင့် သူမ၏ကြည်လင်တောက်ပသောမျက်လုံးလေးများကို မြင်လိုက်သောအခါမှ သူမသည်သာ ပေါက်ကရလျှောက်တွေးနေကြောင်း သိလိုက်ရသည်။
စန်းယွီ၏ဖုန်းနံပါတ်ကို လန်ရှင်းချန် ပြန်ရွတ်ပြလိုက်သည်။ လူတို့သည် သေဆုံးပြီးနောက် လူသားခန္ဓာကိုယ်၏ကန့်သတ်ချက်များကို ကျော်လွန်ကာလုပ်ဆောင်နိုင်ကြသည်။ သူတို့၏စကေးများသည် လူသားတို့၏လုပ်ဆောင်နိုင်စွမ်းအမြင့်ဆုံးအထိ ရောက်ရှိသွားနိုင်ကြသည်။ ဝိဉာဉ်များသည် အိုင်းစတိုင်းကဲ့သို့ စမတ်မဖြစ်နိုင်ကြလျှင်တောင် ကျန်းမာသန်စွမ်းသောဝိဉာဉ်တစ်ကောင်သည် လူ့ဘဝရှိ ၎င်းတို့၏ဉာဏ်စွမ်းတို့ရှိခဲ့သည့်အတိုင်း ဉာဏ်ကောင်းသူများဖြစ်နိုင်ကြသည်။
ESTÁS LEYENDO
My Wandering Spirit Lady[ဘာသာပြန်]