အခန်း (၃၄) ဘယ်လိုလုပ်မချစ်ဘဲနေနိုင်ပါ့မလဲ

40 7 2
                                    

Unicode

အခန်း (၃၄) ဘယ်လိုလုပ်မချစ်ဘဲနေနိုင်ပါ့မလဲ

ညစာစားပြီးနောက် ဆုမိသားစုသည် အိမ်မှာညအိပ်ရန် ဆုမော့မော့ကိုဆွဲဆောင်လေသည်။

"မှောင်နေပြီလေ။ ဒီညအိမ်မှာအိပ်လိုက်ပါ"

"ဟုတ်တယ် သမီး။ မနက်ဖြန်ကျ ပါး အလုပ်ကိုလိုက်ပို့ပေးမယ်။ သမီးနောက်မကျစေရဘူး။"

ဆုမော့မော့ သူမမိဘများကိုအလုပ်မရှုပ်စေချင်သော်လည်း သည်လိုပြောလာမှ‌တော့ ဆုမော့မော့ သဘောတူလိုက်ရတော့သည်။ သို့သော် တကယ့်အဓိကအကြောင်းပြချက်သည် ဟိုတစ်ယောက်သည် သူမစိတ်ကိုဖတ်နိုင်နေသည်ဖြစ်ရာ ဆုမော့မော့ ဟိုတစ်ယောက်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိပေ။

သည်တစ်ကြိမ်တွင်တော့ လန်ရှင်းချန်၏စိတ်ဖတ်နိုင်စွမ်းကြောင့် ဆုမော့မော့ဒုက္ခရောက်ရသည်။ သည်လိုခံစားချက်မျိုး သူမရင်ထဲတွင် တိတ်တိတ်ကလေး ဖြည်းဖြည်းချင်းအရှိန်မြင့်တိုးပွားလာသည်မှာ မည်မျှကြာပြီနည်း မည်သူကသိပါမည်နည်း။ ထိုခံစားချက်များသည် ရုတ်တရက်ကြီးပေါ်ပေါက်လာခြင်းသာဖြစ်သည်။

သူမနှလုံးသားသည် မြေဩဇာကောင်းသော လယ်မြေကလေးနှင့်တူပေသည်။ အစမှာတော့ ဘာမျှမရှိသော်လည်း မြေကြီးထဲတွင်ပုန်းကွယ်နေသော ဝါးအတက်လေးသည် နွေဦးမိုးရွာပြီးနောက် အကြမ်းပတမ်းထိုးထွက်လာတော့သည်။ သူမ ဘယ်လောက်ကြိုးစားပါစေ ထွက်မလာအောင်ထိန်းချုပ်ထားနိုင်ခြင်းမရှိ။

ဆုမော့မော့သည် အရင်က တစ်ခါမှအချစ်ဇာတ်လမ်းမရှိခဲ့ဖူးသော်လည်း သူမသည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်သည်။ သူမခံစားနေရသော ခံစားချက်ကို ကောင်းကောင်းကြီးနားလည်ပေသည်။ မိန်းမငယ်လေးတစ်ဦးတွင်ရှိနေသော ရှက်သွေးဖြာစရာကောင်းသောခံစားချက်မျိုးဖြစ်သည်။

ဆုမော့မော့နှလုံးသားလေး မွန်းကြပ်သွားရသည်။ သူမရှင်းမပြတတ်ပေ။ ကံကောင်းထောက်မ,စွာဖြင့် လန်ရှင်းချန်သည် သည်နေရာတွင်ရှိမနေပေ။ သို့မဟုတ်ပါက သူမဘာကိုမျှဖုံးကွယ်ထားနိုင်မည်မဟုတ်တော့ပေ။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now