Unicode
အခန်း (၃၉) သာယာချိုမြိန်မှု
ဂိမ်းစက်ထဲသို့ နောက်ဆုံးလက်ကျန်အကြွေစေ့လေးများထည့်လိုက်ပြီး dancing machineပေါ်တွင် စည်းချက်ညီညီကခုန်ရန် လန်ရှင်းချန် အင်္ဂလိပ်သီချင်းတစ်ပုဒ်ရွေးလိုက်သည်။
ဆုမော့မော့၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးသည် အလွန်လှပသော်လည်း ဟန်ချက်ညီအောင်မကတတ်ပေ။ သို့သော်လည်း ယခုဆုမော့မော့၏ခန္ဓာကိုယ်ကိုထိန်းချုပ်ထားသူမှာ လန်ရှင်းချန်ဖြစ်နေကာ အရာအားလုံးပြောင်းလဲသွားပေပြီ။
လွန်ခဲ့သောနှစ်များက လန်ရှင်းချန် ဆုကျယ်ယွီအား ဂိမ်းစင်တာသို့ မသိအောင်ခေါ်လာတုန်းက dancing machineသည် ယခုလောက်ရေပန်းမစားသေးပေ။ အရမ်းမကျွမ်းကျင်သော်လည်း လန်ရှင်းချန်သည် ဆုကျယ်ယွီ၏တိုက်တွန်းမှုကြောင့် ကခုန်ဖူးသည်။ လန်ရှင်းချန် ကခုန်နေပုံမှာ အားမာန်ပါသော်လည်း ခပ်တောင့်တောင့်ဖြစ်နေသည်။ သူမ အရင်မသင်ဖူးသော်လည်း စခရင်မ်ပေါ်တွင်ပြထားသောကီးများကို ရာနှုန်းပြည့်အကုန်မနင်းမိသော်လည်း ဘယ်သူကဂရုစိုက်မည်နည်း? သူတို့ရှေ့တွင်ကခုန်နေသော မိန်းမလှလေးကို လေးစားရန် လုံလောက်သွားပြီဖြစ်သည်။
နံဘေးရှိကောင်မလေးသည် အကြွေစေ့များထပ်ထည့်ပြီး နောက်တစ်ကြိမ်ထပ်ကနေပြန်သည်။ လူအုပ်ကြီးသည် တဖြည်းဖြည်းများလာပြီး မိန်းမလှလေးနှစ်ယောက် အကပြိုင်နေသည်ကို လာကြည့်နေကြသည်။
သီချင်းဆုံးသွားသောအခါ လန်ရှင်းချန် စိတ်လျှော့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ရယ်လိုက်မိသည်။ ဒီအသက်ရွယ်ရောက်မှ ဘာမဟုတ်သောကိစ္စလေးအပေါ် ရှာလကာရည်သောက်မိသည့်အဖြစ်။ မေ့ဖျောက်အချစ်ဆေးရည်ကို ကိုယ်ချစ်ရသူအား သူမကိုယ်တိုင်တိုက်ထားခြင်းဖြစ်သည်။ ဆုမော့မော့သည် သူတို့နှစ်ယောက်၏အတိတ်အကြောင်းကို မေ့သွားပြီးဖြစ်သည်။ ဒီတော့ သူမက ဘာ့ကြောင့်များဒီလိုတွေဖြစ်နေရတာလဲ?
ထိုသို့တွေးလိုက်ပြီးသောအခါ လန်ရှင်းချန် စိတ်အခြေအနေပြန်ကောင်းလာပြီဖြစ်သည်။ သူမ ထွက်သွားဖို့ပြင်လိုက်သည်...
VOUS LISEZ
My Wandering Spirit Lady[ဘာသာပြန်]