အခန်း(၃) ဝိဉာဉ်မိန်းကလေးနှင့်ထပ်မံတွေ့ဆုံခြင်း

74 11 0
                                    

Unicode

အခန်း(၃) ဝိဉာဉ်မိန်းကလေးနှင့်ထပ်မံတွေ့ဆုံခြင်း

ဆုမော့မော့၏မိဘများသည် သူမအားအိမ်သို့ပြန်ခေါ်လာသည်။ သူမသည် တံခါးဝသို့ရောက် ရောက်ချင်း ဖိနပ်များကိုကန်ချွတ်ပြီးနောက် လက်များကိုဖြန့်ကားပြီးဆိုဖာဆီသို့ပြေးသွားတော့သည်။ ဆိုဖာပေါ်သို့ခုန်တက်ကာခေါင်းအုံးပေါ်မျက်နှာအပ်ပြီးနောက် ကျေနပ်စွာပြောလိုက်သည်။

"အိမ်ကအကောင်းဆုံးပဲ~!"

သူတို့သမီးလေးအား ယခုလိုပုံစံမြင်ရသောကြောင့် ဖေဖေဆုနှင့်မေမေဆုသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးမိသည်။

ဆုမော့မော့ လှည့်ပတ်ကြည့်ပြီးနောက် မေးလိုက်သည်။

"အမေ ရှောင်ယွီရော?"

ဆုမော့မော့ပြောသော ရှောင်ယွီသည် ဆယ့်ခြောက်နှစ်သား သူမမောင်လေး ဆုကျယ်ယွီဖြစ်သည်။ သူတို့နှစ်ယောက်သည် အလွန်တည့်ကြသော မောင်နှမများဖြစ်သည်။ ယနေ့သည်ပိတ်ရက်ဖြစ်သောကြောင့် ဆုကျယ်ယွီအိမ်မှာရှိသင့်ပေသည်။

မေမေဆုသည် ဘေးမှအမျိုးသားဖြစ်သူကိုကြည့်ကာ ဖြေလိုက်သည်။

"နင့်မောင်လေးက ကျောင်းကိုဘာယူဖို့ဆိုလား သွားတယ်၊ ခဏနေပြန်လာမှာပါ?"

ဆုမော့မော့သည် မတ်တပ်ရပ်လိုက်ပြီး ကူရှင်ကိုပွေ့ဖက်တို့ဆိတ်နေသည်။ သူမ မကျေမနပ်ဆိုလာသည်။

"ဒီအသည်းနှလုံးမရှိတဲ့ကောင်ကတော့၊ ငါဒီလောက်ဆေးရုံမကြာကြီးတက်နေတာတောင် လာကြည့်ဖော်မရဘူး"

မေမေဆုသည် သူမသမီးဘေးတွင်ထိုင်ချလိုက်ပြီး လက်မောင်းလေးကိုပုတ်ပေးလိုက်သည်။

"သမီး နင့်မောင် က နင်ဆေးရုံတက်တက်ချင်းတုန်းက ညတော်တော်များနင့်ကိုအဖော်လုပ်ပြီး စောင့်အိပ်ပေးရှာပါတယ်။ နောက်တစ်နေ့မနက်ငါးနာရီလောက်ဆိုကျောင်းပြန်တက်ဖို့ထသွားရပြီ။ နောက်မှ ငါနည်းနည်းလောက်ချော့မော့ပြီးပြောလိုက်မှ မလာတော့တာ။ သမီးကအိပ်ပျော်နေတော့သိမှာမဟုတ်ဘူး။"

"အင်းး အဲလိုလား"

"အမေ သမီးအတွက်သွားပြီးချက်လိုက်ပြုတ်လိုက်ဦးမယ်၊ TVခဏကြည့်နေလိုက်ဦးနော်"

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now