Unicode
အခန်း (၄၂)
ဆုမော့မော့ အချိန်အတော်ကြာငြိမ်သက်နေခဲ့သည်။ နောက်တော့ သက်ပြင်းသာချပြီး ဘာမျှပြောမလာခဲ့။
လန်ရှင်းချန် ပြောသလိုပင် သူတို့သည် သာမန်လူသားများသာဖြစ်ကြသည်။ ကယ်တင်ရှင်များမဟုတ်ကြ။ သူမ ကူညီပေးနိုင်သောကိစ္စများရှိသလို သက်သေအထောက်အထားခိုင်လုံနေ၍ သူမ ကူညီမပေးနိုင်သောကိစ္စများလည်းရှိသည်။
ရှေ့နေတစ်ယောက်အနေနှင့်ဆိုလျှင်တောင်မှ သူမစိတ်တိုင်းကျ သက်သေများကို လုပ်ကြံဖန်တီး၍မရ။ အမှုသည်ကလည်း ပူးပေါင်းမပေး။ သည်အမှုတွင်ရှိနေသော သက်သေအများစုသည် သူ့ကိုထောက်ပြနေသည်ဖြစ်ရာ ဆုမော့မော့လည်းအခက်တွေ့ပေသည်။
သို့သော် စန်းထင်းနန်သည် ထူးဆန်းနေဆဲပင်။ စိတ်ဖတ်နိုင်စွမ်းကတောင် သူ့အပေါ်တွင်အလုပ်မလုပ်။ ထို့ကြောင့် အမှန်တရားကို မမြင်နိုင်ဘူးဆိုသော်လည်း စန်းထင်းနန်အတွက်အကျိုးရှိစေနိုင်သောစကားများထွက်လာအောင် ကြိုးကိုင်ခြယ်လှယ်နိုင်ဖို့ ခန္ဓာကိုယ်ထဲဝင်ရောက်နိုင်စွမ်းကိုအသုံးပြုရန် လန်ရှင်းချန်အား ဆုမော့မော့ ဘယ်တော့မျှခွင့်ပြုမှာမဟုတ်။ ထိုသည်မှာ သေဆုံးသူအတွက် တရားမျှတမှုမရှိသလို ဥပဒေကို မလေးစားရာလည်းကျပေသည်။
ညနေခင်းတွင် လီဖုန့်ကျွင်း ဆုမော့မော့ထံ ဖုန်းဆက်လာလေသည်။ ဖုန်းတစ်ဖက်ရှိ လီဖုန့်ကျွင်းသည် မျက်ရည်ဖြိုင်ဖြိုင်ကျနေပြီး ဒုတိယကြားနာမှုတွင် ဆုမော့မော့အား စန်းထင်းနန်၏ရှေ့နေအဖြစ် ဆောင်ရွက်ပေးရန် ရိုးသားစွာမျှော်လင့်ကြောင်း ပြေလာသည်။
သို့ပေသည့် ဆုမော့မော့သည် သူမရှေ့နေလိုက်ပေးသည်ဆိုလျှင်တောင် ဒုတိယကြားနာမှုတွင် နိုင်နိုင်ချေမှာ သုညနီးနီးရှိသည်ဟု သူမအရင်တွေးမြင်ထားသည့်၊ ယုံကြည်ထားသည့်အတိုင်း ဆုပ်ကိုင်ထားဆဲပေ။
စန်းထင်းနန်၏အမှုသည် ပြစ်မှုတစ်ခုမျိုးလည်းမဟုတ်။ တရားရုံးသည် နစ်နာသူနှင့်မိသားစုဝင်များ၏ နားလည်ကျေအေးပေးမှ ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်သည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]