Unicode
အခန်း(၄၀) ဘာလို့သတ်တာလဲ
ကြည်နူးစရာရုံးပိတ်ရက်ကလေးကုန်ဆုံးသွားပြီး ရက်သတ္တပတ်အသစ်စတင်ပြီဖြစ်သည်။
စနေနေ့က ကစားရုံတွင် အမှတ်မထင်မတော်တဆမှုလေးဖြစ်ပွားပြီးနောက် ဆုမော့မော့နှင့်လန်ရှင်းချန်တို့ နှစ်ယောက်သားတွင် တစ်စုံတစ်ခုသိသိသာသာဖြစ်လာသည်။ ဆုမော့မော့ဖက်ကတစ်ဖက်သတ်ဖြစ်နေတာလည်းဖြစ်နိုင်ပါသည်။ သို့သော် လန်ရှင်းချန်အတွက်ကတော့ အတိတ်ကတစ်စုံတစ်ရာကိုရှာတွေ့သွားခြင်းဖြစ်သည်။ လန်ရှင်းချန် အသက်ရှင်စဉ်အခါက နှစ်ယောက်သား၏ဘဝသည် ယခုလက်ရှိအချိန်ထက်ပို၍ ချိုမြိန်ခဲ့သည်။
ထိုသို့ဆိုလျှင်တောင် လန်ရှင်းချန် အရမ်းကိုကျေနပ်နေပြီဖြစ်သည်။ ဆုမော့မော့နှင့်သူမကြားတွင် နူးညံ့နွေးထွေးသောခံစားချက်လေးတစ်ခုပေါက်ဖွားလိုက်သည်ဟု ခံစားနေရသည်။ သူမ ကိုယ့်အတွက်ကိုယ်ပဲကြည့်မိနေတာများလား။
သူမသည် လူသားတစ်ယောက်မဟုတ်တော့ပေ။ လူအများစုသည် အပြီးတိုင်ခွဲခွာရခြင်းကို ခံနိုင်ရည်မရှိကြပေ။ အခုလိုအခြေအနေလေးသည် လန်ရှင်းချန်မျှော်လင့်ထားသည်ထက် အများကြီးပိုကောင်းနေပြီဖြစ်သည်။
တနင်္လာနေ့မနက်ခင်းတွင် ဆုမော့မော့ သူမအမှုသည်အတွက် တရားရင်ဆိုင်ခဲ့ရသည်။ ဆုမော့မော့၏အကြံပေးချက်အရ အမှုသည်,သည်ကြားနာမှုခံယူလိုက်ပြီး လျော်ကြေးငွေလက်ခံခဲ့သည်။
အမှုပြီးဆုံးသွားပြီဖြစ်ပြီး ဆုမော့မော့၏လုပ်ဆောင်မှုအတွက် အမှတ်ကောင်းများပိုပေးကြသည်။ နေ့လည်စာစားပြီးနောက် အသက်လတ်ပိုင်းအရွယ်ဇနီးမောင်နှံနှစ်ယောက် ရှေ့နေရုံးထဲသို့လျှောက်လာကြသည်။
အလုပ်သင်လေးရှောင်ဝူသည် နွေးနွေးထွေးထွေးကြိုဆိုလိုက်သည်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်သည် အလုပ်စားပွဲတွင်အလုပ်လုပ်နေသောဆုမော့မော့ကို လျှောက်ပတ်ရှာကြည့်နေကြသည်။ သူတို့မျက်လုံးများဝေ့ကြည့်လိုက်ပြီး ရှောင်ဝူကိုဆွဲခေါ်ကာမေးလိုက်သည်။
KAMU SEDANG MEMBACA
My Wandering Spirit Lady[ဘာသာပြန်]