အခန်း (၃၇) တခဏလေးတွင်/အခန္း (၃၇) တခဏေလးတြင္

27 6 0
                                    

Unicode

အခန်း (၃၇) တခဏလေးတွင်

လန်ရှင်းချန် အံကြိတ်လိုက်ပြီး ကော်ဖီစားပွဲပေါ်ရှိ သံပေသီးခုံကိုကြည့်ရင်း ပြောလိုက်သည်။

"တွက်ပြ!"

စန်းထုန် ယောင်ယောင်လေးပြုံးလိုက်ပြီး ပြန်ဖြေသည်။

"ဒါက ငါ့ကျောင်းရဲ့ လျှို့ဝှက်နည်းပညာတစ်ခုပဲ။ ဒါပေမယ့် နင်ကလူသားမဟုတ်တော့ဘူး ပြီးတော့ ရှုပ်ထွေးပွေလီနေတဲ့နည်းလမ်းကို တစ်ချက်ကြည့်ရုံနဲ့လည်း နင်သိနိုင်မှာမဟုတ်တဲ့အတွက် ဒီနေ့ နင့်အတွက်ချွင်းချက်အနေနဲ့တွက်ပြပေးမယ်။"

အရင်ဆုံး စန်းထုန်သည် ပေသီးခုံကို သုညအမှတ်ထားလိုက်ပြီးမှ ဆုမော့မော့၏ ဂဏန်းရှစ်လုံးမွေးနေ့ကို ထည့်လိုက်သည်။ ပေသီးများကို တိုးလိုက်လျှော့လိုက်ဖြင့် တစ်လျှောက်လုံးတွက်ချက်ပြီးနောက် ပြောလိုက်သည်။

"ဆုမော့မော့ရဲ့ကံကြမ္မာကိုပြောပြမယ်။ မိသားစုဝင်လေးယောက်ရှိတယ်။ သွေးတော်သားစပ်တဲ့မောင်လေးတစ်ယောက်ရှိတယ်။ သူ ခြောက်နှစ်တုန်းက ဝက်သက်ပေါက်ဖူးပြီး ရှစ်နှစ်တုန်းက မော်နာပေါက်ဖူးတယ်။ ဆယ့်လေးနှစ်က အ‌တော်လေးခက်ခဲခဲ့တဲ့နှစ်ပဲ။ အဲ့နှစ်တုန်းက မျက်စိ သုံးခါနာခဲ့လို့ ကျောင်းနှစ်ဝက်လောက်နီးနီးနောက်ကျခဲ့တယ်။ ဘယ်ဖက်လက်ကောက်ဝတ်မှာ သုံးစင်တီမီတာလောက်ရှိတဲ့အမာရွတ်ရှိတယ်။ သစ်သားလိုဟာမျိုးနဲ့ခိုက်မိတာ။ နွယ်ပင်တို့ သစ်ကိုင်းတို့လိုဟာမျိုး။ ဆယ့်ခြောက်နှစ်မှာတော့ ချစ်ခြင်းတရားရဲ့ကံကောင်းခြင်းကြယ်လေးက သူ့ဆီမှာ တောက်ပနေတယ်။ ပြီးတော့ မင်းက သူချစ်မိခဲ့တဲ့လူပဲ။"

စန်းထုန် တွက်ချက်ပြခြင်းကိုရပ်လိုက်ပြီး ခေါင်းမော့ကာ မေးလိုက်သည်။

"ငါပြောတဲ့အထဲမှာ မှားတာပါလား?"

လန်ရှင်းချန် အတော်လေးဆွံ့အနေပြီဖြစ်သည်။ ဆုမော့မော့နှင့်အတူနေသူများမှလွဲ၍ ထိုသို့သောအသေးအမွှားအကြောင်းအရာလေးများကို ဘယ်သူမျှမသိနိုင်ပေ။ အထူးသဖြင့် လက်ကောက်ဝတ်ပေါ်မှ အမာရွတ်ဖြစ်သည်။ ထိုအမာရွတ်သည် သူတို့တောင်အတူတက်စဉ်က ထိခိုက်မိခြင်းဖြစ်ပြီး တော်တော်လေးနက်သော အနာဖြစ်သည်။ ထိုအမာရွတ်ကိုမြင်နေရခြင်းက လန်ရှင်းချန်၏နှလုံးသားအား ဆိုးဆိုးရွားရွားကိုနာကျင်စေသည်။

My Wandering Spirit Lady[ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon