အခန်း (၄၆) အတူတူအိပ်ရအောင်/အခန္း (၄၆) အတူတူအိပ္ရေအာင္

48 5 3
                                    

Unicode

အခန်း (၄၆) အတူတူအိပ်ရအောင်

လန်ရှင်းချန်ကို အမွှေးပွအရုပ်ကြီးဆီကပ်တွယ်ခိုင်းလိုက်ခြင်းသည် သူမဉာဏ်ကောင်းလွန်းတာဖြစ်သည်ဟု ဆုမော့မော့ ကိုယ့်ကိုယ်ကိုယ်တွေးမိသည်။

ညနေပိုင်းတွင် သူတို့နှစ်ယောက်သရဲကားအတူကြည့်ကြသည်။ ထိုသရဲကားသည် ဖူဆန်မြို့တွင်နမူနာပြစဉ်က အလွန်နာမည်ကြီးခဲ့သော သရဲကားကောင်းကောင်းတစ်ကားဖြစ်သည်။

နှစ်ယောက်သား ဆိုဖာသေးသေးလေးပေါ်တွင် ပူးကပ်နေကြသည်။ စားပွဲလေး‌ပေါ်တွင် လပ်တော့ပ်တစ်လုံးရှိနေသည်။ ပို၍ကြည့်လို့ကောင်းစေရန်ရည်ရွယ်၍ ဆုမော့မော့သည် စပီကာနှစ်ခုယူလာကာ ဆိုဖာတစ်ဖက်တစ်ချက်တွင်ထားလိုက်သည်။ လန်ရှင်းချန်သည်တော့ အမွှေးပွရုပ်ကြီးတွင် ကပ်တွယ်နေဆဲဖြစ်သည်။

ဇာတ်ကားမြင်ကွင်းသည် မျက်စိရှေ့တွင်ဖြစ်ပြီး အသံများသည် နားနှစ်ဖက်ဆီရောက်နေသည်မှာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းမည်လဲ ဆိုဖွယ်ရာမရှိ။

ရုတ်တရက် ရုပ်ရှင်ထဲတွင် မဲမှောင်နေသောကော်ရစ်တာမှာ ဂါဝန်ဖြူဝတ်ထားသော ဆံပင်ဖရိုဖရဲနှင့် မိန်းကလေးတစ်ယောက်အား လက်တွဲထား‌သောမိန်းကလေးတစ်ယောက် ထွက်လာလေသည်။ ပိုငယ်သောမိန်းကလေးသည် အရုပ်တစ်ရုပ်ကိုပွေ့ထားပြီး ထိုအရုပ်မျက်နှာတွင် သွေးများစီးကျနေသည်။

လပုံရိပ်များသည် လျှပ်တပြတ်သာပေါ်လာပြီး မိန်းကလေးနှစ်ယောက်၏ပုံရိပ်တို့သည် စက်ခရင်နားသို့ကပ်မလာနိုင်တော့ပေ။

"အား!!!"

ဆုမော့မော့ နံဘေးရှိအရုပ်ကြီးကိုဖက်လိုက်ပြီး နောက်ထပ်မကြည့်ရဲတော့။

ထို့အပြင် ဝိဉာဉ်ဖြစ်ပြီးသားလန်ရှင်းချန်သည်ပို၍ ကြောက်လန့်နေပေသည်။ သူမ၏အသံပါဝါသည် ဆုမော့မော့ထက်မလျော့ပေ။ အားရပါးရအော်လေသည်။

"ဘုရား ဘုရား! မလာနဲ့!

အစကတော့ ဆုမော့မော့အရမ်းကြောက်နေတာဖြစ်သော်လည်း လန်ရှင်းချန်အော်သံကိုကြားပြီးနောက် စိတ်ဝင်စားစရာကောင်းသားပဲဟု ခံစားလိုက်မိသည်။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now