Unicode
အခန်း (၃၃) ငါ့ကိုမချစ်ပါနဲ့
(warning: suicide)
ဆုမိသားစုသည် အမူအရာကိုကောင်းကောင်းထိန်းနိုင်ခဲ့သည်။ ဆုမော့မော့ တစ်ချက်မျှသတိမထားမိခဲ့။ သူမအလွန်ပျော်နေလေသည်။ နောက်ဆုံးတော့ လန်ရှင်းချန်ပြောဖူးသော မိသားစုကိုဂရုစိုက်ပေးရသည့်ပျော်ရွှင်မှုကို နားလည်သွားပြီဖြစ်သည်။
ဆုမော့မော့သည် ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲ အကျင့်အတိုင်း ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ရင်းနှီးနေသောပုံရိပ်လေးကို မတွေ့ပေ။ နည်းနည်းအံ့ဩမိသွားသည်။ လှည့်ပတ်ရှာကြည့်မိပါသော်လည်း လန်ရှင်းချန်၏ပုံရိပ်ကို မမြင်ပေ။ ဆုမော့မော့ စိတ်ထဲမှ တိုးတိုးလေးခေါ်လိုက်သည်။
"နင် ရှိလား?"
ထူးထူးဆန်းဆန်းပင် လန်ရှင်းချန် ပေါ်မလာခဲ့ပါ...
အရင်က သူမပြောခဲ့ဖူးသည်ကို ဆုမော့မော့ သတိရလိုက်သည်။ ဆုမော့မော့သာ သူမကို တွေ့ချင်နေသရွေ့ စိတ်ထဲကနေသာလှမ်းခေါ်လိုက် သူမရောက်လာခဲ့မည်။
သို့သော် ဆုမော့မော့ သေသေချာချာစဉ်းစားကြည့်ပြီးနောက် သည်နည်းလမ်းသည် အရမ်းကြီးယုံကြည်၍မရသည်ကို နားလည်လိုက်သည်။ တခါတရံ တစ်ချက်အော်ခေါ်လိုက်သည်နှင့် တန်းရောက်လာသော်လည်း တခါတရံတွင် သူမမည်မျှပင် အော်ခေါ်နေပါစေ ပေါ်မလာခဲ့သောအချိန်များလည်းရှိခဲ့ပေသည်။
ဆုမော့မော့ လက်ထဲမှတူကိုချလိုက်ပြီး တွေးတောနေသည်...
ဖြစ်နိုင်ချေနှစ်ခုကို ဆုမော့မော့ စဉ်းစားမိသည်။ ပထမတစ်ခုသည် သူမနှင့်စိတ်ချင်းဆက်သွယ်နိုင်ခဲ့သော်လည်း လစ်မစ်ရှိနေခြင်း။ တခြားတနည်းဖြင့်ပြောရလျှင် သူမသည် သူမနှင့်အလွန်ဝေးသောတစ်နေရာကိုရောက်နေပါက သူမခေါ်သံကို မကြားနိုင်ခြင်း။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့...
ထိုဖြစ်နိုင်ချေကို တွေးကြည့်ရုံနှင့် ဆုမော့မော့ နှလုံးသားခုန်နှုန်းများမြန်ကုန်တော့သည်။ ထို့နောက် ထူးဆန်းသောခံစားချက်တစ်ခုသည် သူမနှလုံးသားထဲတွင် ပြည့်နှက်သွားရသည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]