အခန်း (၅၈)

15 5 0
                                    


တိုက်ဆိုင်မှတွေ့ရမှာထက် စောစောတွေ့လိုက်ရတော့ပိုကောင်းသွားတာပေါ့။ ဟင်းလေးခွက်နဲ့ဟင်းချိုတစ်ပွဲချက်လို့အပြီးတွင် ဆုမော့မော့ အိမ်တံခါးဘဲလ်မြည်လာသည်။

ခန္ဓာကိုယ်ထိန်းချုပ်မှုကို ဆုမော့မော့ဆီ လန်ရှင်းချန်ပြန်ပေးလိုက်ပြီး ဆုမော့မော့ကိုပြောလိုက်သည်။

“အမှုတွဲကိုဘယ်မှာထားခဲ့လဲ?”

“ငါ့အိတ်ထဲမှာ”

“ငါအခန်းထဲပြန်နေလိုက်မယ်။ ပြီးရင် သူပေးမယ့်ဟာကိုငါ့ဆီပို့ပေ။ နင်တို့နှစ်ယောက်ညစာစားနေတုန်း ငါတစ်ချက်ကြည့်ထားလိုက်မယ်။ ညစာစားပြီးရင် ငါတို့ဆွေးနွေးကြတာပေါ့။ နင်လည်းစောစောနားရဦးမယ်လေ။ မျက်လုံးအောက်မှာ မည်းမည်းဝိုင်းဝိုင်းတွေဖြစ်နေပြီ”
သူထင်ယောင်ထင်မှားတွေဖြစ်နေတာလားလို့ ဝေခွဲမရတော့တဲ့အထိ ဆုမော့မော့ချိုမြိန်မှုကိုခံစားနေရသည်။ ဒီတစ်ခေါက် လန်ရှင်းချန် အပလောကကိုပြန်သွားပြီးတော့ သူ(ဆုမော့မော့)နဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှုရှိကြောင်း၊ စိတ်ပူကြောင်းပိုပြလာသည်။ ဒါက စိတ်ဖတ်နိုင်စွမ်းကိုဆုံးရှုံးသွားလို့များလား? သူ့စိတ်ကိုကြားလည်းမကြား၊ မြင်လည်းမမြင်ရတော့လို့ သူတို့နှစ်ယောက်ကြားမှာ အဆက်အဆံပိုများလာတာများလား?

“အိုခေ”

ဆုမော့မော့ ယွီရှောင်ချန့်ကို တံခါးဖွင့်ပေးလိုက်သည်။ လန်ရှင်းချန် သူ့အခန်းသူပြန်သွားသည်။
တံခါးဖွင့်လိုက်တော့ ထသွားလာသွားဝတ်စုံနဲ့ယွီရှောင်ချန့်က အပြင်မှာရပ်နေသည်။

“ခွင့်ပြုပါဦး”

“ဒုဥက္ကဌယွီ အထဲကြွပါ”

ယွီရှောင်ချန့် အထဲဝင်လိုက်ပြီး ဆုမော့မော့လက်ထဲ ဝိုင်နီတစ်ပုလင်းထည့်ပေးလိုက်သည်။
“အချိန်မရတော့ လက်ဆောင်ပြင်ဖို့အချိန်မရတော့လို့။ ပထမဆုံးအကြိမ်အိမ်လာလည်တာဆိုတော့ အားနာလို့”

“ရပါတယ်၊ အထဲဝင်ပါ”

“အင်း၊ ကျေးဇူး”

“အရင်ဆုံး လက်သွားဆေးလိုက်ပါဦး။ ရေချိုးခန်းက ဟိုမှာပါ။ ညစာကအဆင်သင့်ဖြစ်နေပြီ။ တန်းစားရုံပဲ”

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now