24 5 0
Unicode
အခန်း (၄၃) တောင်းဆိုချင်သော်လည်း....
ဆုမော့မော့ စန်းထင်းနန်၏မိဘများ၊ အကိုကြီးဖြစ်သူ စန်းထင်းပေတို့နှင့် တွေ့ဆုံခဲ့သည်။
စန်းမိသားစု၏မိဘများသည် ဆုမော့မော့ကိုကွန်ပလိန်းတက်ခဲ့ခြင်းအပေါ် များများစားစားတောင်းပန်ခြင်းမပြုခဲ့ပေ။ ထိုအစား စန်းထင်းနန်၏အကိုဖြစ်သူစန်းထင်းပေက ဆုမော့မော့က နှစ်ဦးသီးသန့်တွေ့ဆုံကာ တောင်းပန်ခဲ့သည်။ စန်းထင်းပေသည် အသက်လေးဆယ်ထဲတွင်ဖြစ်ပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိလေသည်။ သူ့မိဘများသည် သူ့ညီလေးကို အလွန်ချစ်ကြကြောင်း ဆုမော့မော့ကိုပြောပြခဲ့သည်။ ဆုမော့မော့တွင် ပြစ်မှုများနှင့်ပတ်သတ်၍ စွမ်းဆောင်ရည်မြင့်မားကြောင်းနှင့် ဆုမော့မော့အပေါ်တွင် မျှော်လင့်ချက်အလုံးစုံပုံအပ်ထားကြောင်း ပြောခဲ့သည်။ ကွန်ပလိန်းတက်ခဲ့ခြင်းမှာ အကူအညီမဲ့သွားချိန် ပြုလုပ်ခဲ့မိသော အပြုအမူဖြစ်ကြောင်း၊ သူ့မိဘများအနေနှင့်လည်း ထိုသို့ပြုလုပ်ရခြင်းအတွက် မလွယ်ကူခဲ့ကြောင်း၊ သားဖြစ်သူအပေါ် သူ့မိဘများ၏ ထားရှိသောချစ်ခြင်းမေတ္တာကို နားလည်ပေးစေလိုကြောင်း စန်းထင်းပေ ပြောကြားခဲ့သည်။
အမှုအတွက် ရလဒ်သည်မည်သို့ပင်ဖြစ်နေပါစေ ဆုမော့မော့အတွက် အေဂျင်စီကပေးသောအခကြေးငွေနှစ်ဆကို လိုလိုလားလား ပေးမည်ဖြစ်ကြောင်းနှင့် ဆုမော့မော့အား နောက်တစ်ကြိမ်ထပ်၍ တောင်းပန်မည်ဖြစ်ကြောင်း စန်းထင်းပေ ကတိပေးခဲ့သည်။
စန်းထင်းပေ ပေးမည့်အခကြေးငွေကို ငြင်းပယ်ကြောင်းနှင့် အမှု၏ရှေ့နေတစ်ဦးအနေဖြင့် သူမအကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း ဆုမော့မော့ ပြောလိုက်သည်။
စန်းထင်းပေ နှင့် စန်းထင်းနန်တွင် အကျင့်စရိုက်နှင့် ဘတအတွက်ရွေးချယ်မှုလမ်းကြောင်းများ မတူညီကြပေ။ စန်းထင်းပေသည် အဆင့်မြင့်ဘွဲ့တစ်ခုရရှိခဲ့ပြီး နှစ်အတော်ကြာကြိုးစားရုန်းကန်ပြီးနောက် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ခဲ့သည်။ လက်ရှိတွင် ကုမ္ပဏီအသေးစားလေးဖြစ်သော်လည်း နှစ်စဉ်ဝင်ငွေသည် အတော်လေးကောင်းပေသည်။ သူ့ကိုယ်ပိုင်မိသားစုလေးကို ထောက်ပံ့ပေးနိုင်သည့်အပြင် သူ့မိဘများနှင့်ညီလေးကိုလည်း ငွေကြေးပုံမှန်ထောက်ပံ့နိုင်ခဲ့သည်။
My Wandering Spirit Lady[ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz