အခန်း(၄) ပရိတ်ပုတီးလက်ပတ်/အခန်း(၄) ပရိတ်ပုတီးလက်ပတ်

64 11 0
                                    

Unicode

အခန်း(၄) ပရိတ်ပုတီးလက်ပတ်

နောက်တစ်နေ့မနက်တွင် ဆုမော့မော့ ခွင့်တောင်းကာအိမ်မှထွက်ခဲ့သည်။ OPတွေ့ဆုံရန်ချိန်းထားသောနေရာသို့ လာခဲ့သည်။

ဆုမော့မော့ အခုအချိန်၌ပိုက်ဆံပြဿနာကို ခေါင်းထဲမထည့်နိုင်တော့ပေ။ တစ်ကယ်လို့ OPပြောတဲ့ဆရာမကြီးသာ ဝိဉာဉ်မိန်းကလေးနဲ့ပတ်သတ်ပြီးအမှန်တစ်ကယ်ကူညီနိုင်မယ်ဆိုရင် စိတ်ချမ်းသာရဖို့ပိုက်ဆံဖြုန်းလိုက်တယ်လို့ပဲ မှတ်လိုက်ပေမည်။

ဝိဉာဉ်မိန်းကလေး သူမကိုယခုလို လိုက်နှောင့်ယှက်နေတာကိုသာ ခွင့်ပြုထားလိုက်မည်ဆိုလျှင်၊ သူမ သေရမှာမကြောက်ဘူးဆိုလျှင်တောင်မှ စိတ်အနှောင့်အယှက်ဖြစ်ရသည်ပင်။

ဆုမော့မော့ ကော်ဖီဆိုင်ထဲသို့လမ်းလျှောက်ဝင်သွားသောအခါ ထောင့်နားလေးကထိုင်ခုံတွင် အမျိုးသမီးတစ်ယောက်ထိုင်နေသည်ကို မြင်လိုက်သည်။ ထိုအမျိုးသမီးသည် OPဖြစ်သည်ဟု သူမအလိုလိုသိနေသည်။  

ဆုမော့မော့ သူမဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး မေးလိုက်သည်။

"တစ်ဆိတ်လောက်၊ ပို့စ်တင်တဲ့အစ်မလားဟင်?"

ထိုအမျိုးသမီးသည် ဖော်ဖော်ရွေရွေပြုံးပြလာပြီး မတ်တပ်ရပ်ကာ သူမဆီသို့လက်ပေးနှုတ်ဆက်လာသည်။

"တွေ့ရတာဝမ်းသာပါတယ်၊ အစ်မက ပေါင်ရှောင်ရွှမ်ပါ ညီမကိုဘယ်လိုခေါ်ရမလဲ?" 

ဆုမော့မော့ ပေါင်ရှောင်ရွှမ်အား လက်ဆွဲနှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ ညီမက ဆုမော့မော့ပါ။" 

"ထိုင်ပါဦး"

ဆုမော့မော့သည် ပေါင်ရှောင်ရွှမ်ကို အကဲခတ်ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် သူမထက်အသက်အနည်းငယ်ကြီးပုံပေါ်သည်။ ခေါင်းအစခြေအဆုံး brandတွေချည်းဝတ်ဆင်ထားသည်။ ဆုမော့မော့အား အနည်းငယ်ပို၍ စိတ်ချယုံကြည်မှုကိုခံစားရစေနိုင်သော ရိုးသားပွင့်လင်းသည့်အကြည့်တစ်စုံကိုလည်း ပိုင်ဆိုင်ထားသည်။

"ဒါဖြင့်ပြောပြပါဦး၊ ဘာတွေဖြစ်တာလဲဆိုတာ?"  

ဆုမော့မော့ သက်ပြင်းတိတ်တိတ်လေးချလိုက်သည်။

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora