အခန်း (၂၈) တောင်ကြီးနှစ်တောင်
ထိုလက်‌ကမ်းစာစောင်ပေးပြီးပါမှ ဆုမော့မော့ရင်ထဲမှ အလုံးကြီးကျသွားလေတော့သည်။ စုစစ်ဖန်ပေးခဲ့သော ပရိတ်ပုတီးလက်ပတ်သည် သာမညောင်ညမဟုတ်ကြောင်း လန်ရှင်းချန်က အတည်ပြုပေးပြီးဖြစ်သည်။ ထို့အပြင် စန်းထုန်သည် သူမနှင့်အရင်ကလူချင်းမဆုံဖူးသော်ငြား သူမအကြောင်းများကို တိကျမှန်ကန်စွာပြောပြနိုင်သည်ဖြစ်ရာ မြေကျောက်သယ်ကား၈၀၈ကားဆရာသည် လွန်ခဲ့သောဆယ့်ငါးနှစ်ကအမှုဟောင်း၏ မျက်မြင်သက်သေတစ်ဦးဖြစ်မည်မှာသေချာသည်ဟု ဆုမော့မော့အပြည့်အဝယုံကြည်ပေသည်။ ထိုလူသည် လက်ကမ်းစာစောင်အားဖတ်နေရင်း ဖတ်နေရင်းနှင့် ထိုအချိန်ကဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဉ်းစားမိလောက်မည်။ ထိုကြောင့် သူမသည်လည်း အယူခံဝင်သောအခါတွင် အန်တီကြီးဝူဘက်မှ အရည်အချင်းပြည့်ဝသော တရားလိုရှေ့နေတစ်ယောက်ဖြစ်လာနိုင်ပြီး အမှုပြန်ဖွင့်နိုင်အောင် တောင်းဆိုနိုင်မည်ဖြစ်သည်။
ဆုမော့မော့ လန်ရှင်းချန်နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ထွက်လာခဲ့သည်။ ဆုမော့မော့၏မျက်နှာထက်တွင် အပြုံးကလေးချိတ်ဆွဲထားဆဲဖြစ်ပြီး လန်ရှင်းချန်သည်လည်း အလွန်ပျော်ရွှင်နေလေသည်။ သို့သော် ထိုအခိုက်အတန့်၌....
လန်ရှင်းချန်သည် ရုတ်တရက် ခြေလှမ်းတို့ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ?"
ဆုမော့မော့ မေးလိုက်သည်။
"ဒီဘက်ကို လှည့်မကြည့်နဲ့။ ဟိုလမ်းဆုံကိုရောက်တဲ့အထိ ဆက်လျှောက်သွားလိုက်။ ပြီးရင် ကားလှမ်းငှားပြီး အိမ်ကိုတန်းတန်းမတ်ပြန်ပြီး အိမ်မှာငါ့ကိုစောင့်နေ။ ဘယ်မှလျှောက်မသွားနဲ့တော့နော်။ ပြီးတော့ ဘယ်သူလာလာတံခါးဖွင့်မပေးနဲ့!"
"...အင်း"
"သွားတော့"
ဆုမော့မော့ လုပ်ငန်းခွင်ထဲမှအမြန်ထွက်လာလိုက်ပြီး လန်ရှင်းချန်ပြောသောလမ်းဆုံးရောက်တဲ့အထိ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။ ထိုစဉ် လန်ရှင်းချန်သည် လမ်းတစ်ဖက်ရှိ အနက်ရောင်ဗန်ကားကို လှည့်ကြည့်လိုက်သည်။
My Wandering Spirit Lady[ဘာသာပြန်]Onde histórias criam vida. Descubra agora