အခန်း (၂၆) ဝူချန်အကာအကွယ်/အခန္း (၂၆) ဝူခ်န္အကာအကြယ္

30 10 2
                                    

Unicode

အခန်း (၂၆) ဝူချန်အကာအကွယ်

မြေပြင်ပေါ်တွင် နောက်ပြန်ကြီးအပြေးအလွှားလျှောက်လာသော အမျိုးသမီးဝိဉာဉ်ထက် လန်ရှင်းချန်က ဘယ်လိုများမြန်မြန်လျှောက်နိုင်ပါမည်နည်း? မျက်စိတစ်မှိတ်အတွင်းမှာပင် အမျိုးသမီးဝိဉာဉ်သည် လန်ရှင်းချန်ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လျှက်သားရောက်နေပြီဖြစ်ပြီး လန်ရှင်းချန်ကို ငုံ့ကြည့်နေလေသည်။

"ကျယ်ကျဲ... နောက်လိုက်တစ်ယောက်အတွက်နဲ့ ဘာလို့များအချိန်ကုန်ခံနေတာလဲ?"

လန်ရှင်းချန်၏အသံသည် သိသိသာသာပင် တုန်ယင်နေသည်။ သူမခန္ဓာကိုယ်သည်လည်း တုန့်ပြန်လှုပ်ရှားခြင်းအလျင်းမရှိ။ အငြိုးအာဃာတအစွမ်းတို့ပြည့်နှက်နေသော အမျိုးသမီးဝိဉာဉ်ကြီးတစ်ယောက်၏ရှေ့မှောက်တွင် စိတ်ဖတ်နိုင်စွမ်း၊ ခန္ဓာကိုယ်ထဲဝင်ရောက်နိုင်စွမ်းနှင့် ဝိဉာဉ်မျက်လုံးကဲ့သို့သောအစွမ်းများသည် လုံးဝအသုံးမဝင်တော့ပေ။

အမျိုးသမီးဝိဉာဉ်သည် မြင့်မားသောတောင်ကြီးတစ်တောင်ကဲ့သို့ ခြိမ်းခြောက်လျှက်ရှိသည်။ ဝိဉာဉ်ချင်းတူလျှင်တောင် လယ်ဗယ်မတူသကဲ့သို့ဖြစ်နေ၍ လန်ရှင်းချန် နည်းနည်းသော်မျှလှုပ်၍မရပေ။ အသနားခံခြင်းသည်သာလျှင် သူမတတ်နိုင်သော လစ်မစ်အကုန်ဖြစ်သည်။

အမျိုးသမီးဝိဉာဉ်သည် လန်ရှင်းချန်အား ပြုံးရုံကလေးမျှပြုံးပြလိုက်ပြီး သူမ၏လက်ချောင်းများကို လက်သည်းကဲ့သို့တောင့်တင်းကွေးညွတ်လိုက်ကာ လန်ရှင်းချန်ခေါင်းထိပ်တည့်တည့်သို့ ရိုက်ချရန်ပြင်လိုက်သည်...

လန်ရှင်းချန်သည် အမျိုးသမီးဝိဉာဉ်၏လက် ချည်းကပ်လာနေသည်ကို ကြည့်နေရုံမျှအပ မတတ်နိုင်ပေ။ သူမပတ်ဝန်းကျင်ရှိအရာအားလုံး နှေးကွေးသွားသကဲ့သို့ခံစားလိုက်ရပြီး သူမဘဝရှိအမှတ်တရများသည် မြင်ကွင်းများသဖွယ် မျက်လုံးတို့တွင်ထင်ဟပ်လာသည်။ ထိုအမှတ်တရများသည် သူမ လက်မလွှတ်နိုင်သော၊ မေ့၍မရသော၊ နောက်ဘဝသို့မကူးနိုင်အောင် ဆွဲထားသော အမှတ်တရာများဖြစ်ပေသည်။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now