အခန်း (၄၁) သူကထူးဆန်းတယ်
လူလေးယောက် ထိန်းသိမ်းရေးစခန်းသို့ ရောက်လာခဲ့ကြသည်။ ဆုမော့မော့ စာရွက်စာတမ်းများပြရန်ယူလာခဲ့သည်။ ဥပဒေကြောင်းအရ ဝန်ထမ်းသည် စန်းထင်းနန်နှင့် ဆုမော့မော့တွေ့ဆုံနိုင်ရန် လေးဆယ့်ရှစ်နာရီအတွင်း စီစဉ်ပေးရမည်ဖြစ်သည်။ ဆုမော့မော့ ဝန်ထမ်းကို ပြောလိုက်သည်။
"ဒုတိယအကြိမ်ကြားနာမှုက ဆယ့်လေးရက်အတွင်း ပြန်စမှာပါ။ ဒုတိယအကြိမ်ကြားနာမှုရဲ့ရလဒ်က စန်းထင်းနန်ရဲ့ကံကြမ္မာကို အကျိုးသက်ရောက်မှုရှိမှာမို့ ကျေးဇူးပြုပြီး ကူညီဆောင်ရွက်ပေးပါဦး။"
ဝန်းထမ်းသည် အထက်ပိုင်းခေါင်းဆောင်များအား တင်ပြလိုက်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် ဆုမော့မော့ စန်းထင်းနန်နှင့် တွေ့ခွင့်ရလိုက်သည်။ စန်းထင်းနန်၏မိဘများဖော်ပြပြောကြားချက်အတိုင်းပင် စန်းထင်းနန်သည် ယိုင်နဲ့နဲ့နှင့် မျက်တွင်းများချောင်ကျနေပုံလည်းပေါ်ပေသည်။
စန်းထင်းနန် သူ့မိဘများကိုတွေ့လိုက်သောအခါ သူ့မျက်ဝန်းနက်နက်တို့သည် အလင်းတစ်ဖျက်လင်းလာပြီး စက္ကန့်ပိုင်းအတွင်း ဦးတည်ချက်တို့ပြန်လည်ပျောက်ဆုံးသွားပြန်သည်။
ဆု‌မော့မော့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ဟယ်လို။ ကျမ ဆုမော့မော့လို့ခေါ်ပါတယ်။ ကျမက ရှင့်မိဘတွေအကူညီတောင်းထားတဲ့ ရှေ့နေပါ။ ကျမမှာ အတည်ပြုစရာ မေးခွန်းနည်းနည်းရှိပါတယ်။"
ကျည်ကာမှန်တစ်ဖက်တွင်ရှိနေသော စန်းထင်းနန်သည် ဖုန်းကိုကိုင်ရုံသာကိုင်ထားပြီး နှုတ်ပိတ်နေကာ တစ်ခွန်းမျှဟမလာခဲ့ပေ။
သူသည် ခေါင်းကိုငိုက်ထားပြီး ဆုမော့မော့ကိုရော သူ့မိဘများကိုပါ ကြည့်မလာခဲ့။
ထိုအချိန်တွင် လန်ရှင်းချန်သည် စိတ်ဖတ်နိုင်စွမ်းကို အသုံးချနေပြီဖြစ်သည်။
နောက်စက္ကန့်ပိုင်းတွင် လန်ရှင်းချန်၏ အမူအရာသည် အလွန်ဆိုးရွားလာခဲ့ပြီး မှန်တစ်ဖက်ရှိ စန်းထင်းနန်သည် ရုတ်တရက်ဆိုသလို ခေါင်းထောင်လာခဲ့သည်။ နေရာလွတ်ကိုကြည့်ကာ သွားများပေါ်သည်အထိ ပြုံးရယ်လာပေသည်။
My Wandering Spirit Lady[ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ