အခန်း (၄၄)/အခန္း (၄၄)

37 3 0
                                    

Unicode

အခန်း (၄၄)

ဆုမော့မော့ ဆက်ရင်ကောင်းမလား မဆက်ရင်ကောင်းမလား စဉ်းစားရင်းဖြင့် စန်းထင်းနန်၏အစ်ကိုကြီး စန်းထင်းပေအားဖုန်းဆက်လိုက်သည်။

"ဟယ်လို မစ္စတာစန်း။ ကျမ ဆုမော့မော့ပါ။ ဒီအချိန်ကြီးမှ အနှောင့်အယှက်ပေးရတာ အားနာပါတယ်"

"ရပါတယ် ဘာမှမဖြစ်ပါဘူး။ ဘာကိစ္စများလဲ?"

"မစ္စတာစန်း ကျမ မစ္စတာစန်းညီအကြောင်း မေးချင်တာရှိလို့ပါ။ အခု စကားပြောဖို့အဆင်ပြေရဲ့လားမသိဘူး?"

"ခဏလေးနော်"

ဆယ်စက္ကန့်မျှကြာပြီးနောက် ဖုန်းတစ်ဖက်မှ တံခါးပိတ်သံထွက်ပေါ်လာပြီးနောက် စန်းထင်းပေ၏အသံကို တစ်ဖန်ကြားလိုက်ရသည်။

"ပြောလို့ရပါပြီ ရှေ့နေဆု"

ဆုမော့မော့ လန်ရှင်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"ကျမ မေးချင်းတာက... စန်းထင်းနန် အရင်တွေတုန်းက ပုံမှန်မဟုတ်တဲ့အပြုအမူမျိုး လုပ်ဖူးတာရှိလား?"

စန်းထင်းပေ ချက်ချင်းငြင်းဆိုလာသည်။

"မရှိပါဘူး"

သူ ဆက်မေးလေသည်။

"ဘာလို့မေးတာလဲ?"

ဆုမော့မော့ ပြောမည့်စကားများကို ကြိုတင်ပြင်ဆင်ပြီးဖြစ်၍ ပြန်ဖြေလိုက်ပါသည်။

"အင်းး ကျမ ဦးလေးတို့အန်တီတို့နဲ့အတူ စန်းထင်းနန်ကို သွားတွေ့တုန်းက သူ သူ့ဆံပင်ကို နားနောက်သိမ်းလိုက်တဲ့အပြုအမူမျိုး ရုတ်တရက်ကြီး ထလုပ်တယ်။ ကျမ အပြုအမူတွေကို အမြဲသတိထားမိတတ်လူဆိုတော့ အဲ့ဒါက ဆံပင်ရှည်တဲ့မိန်းကလေးတွေလုပ်တတ်တဲ့အပြုအမူမျိုးဆိုတာကို သတိထားမိလိုက်ပါတယ်။ ကျမ အန်တီ့ကို ချက်ချင်းတန်းမေးလိုက်တယ် စန်းထင်းနန် အရင်က ဆံပင်ရှည်ထားဖူးလားလို့။ ဒါပေမယ့် အန်တီကတော့ သူ့ဆံပင်အမြဲကတုံးဆံတောက်ပဲလို့ ပြောခဲ့တော့ ကျမစိတ်ထဲထူးဆန်းနေလို့ပါ။ ပုံမှန်အားဖြင့်ဆိုရင် ဆံပင်ရှည်မထားဖူးတဲ့လူတွေက အဲလိုအပြုအမူမျိုးကို ကိုယ်တိုင်တောင်သတိမထားမိဘဲ လုပ်မိမှာမဟုတ်ဘူးလေ။ ဒီတော့ ကျမ မေးပါရစေ....."

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora