အခန်း(၁၂) ငါထွက်လာလို့မရတော့ဘူး

31 11 0
                                    

Unicode

အခန်း(၁၂) ငါထွက်လာလို့မရတော့ဘူး

ဆုမော့မော့ အိမ်ပြန်လာသည်။ သို့သော်လည်း သူတို့၏ပူးကပ်ဝင်ရောက်နေမှု ပြဿနာကိုတော့ နှစ်နာရီကြာပြီးသည်အထိ ဖြေရှင်း၍မရသေး။ ဆုမော့မော့ ကြောက်လန့်နေသည်။ သူမ၏ယုန်ကလေးတစ်ကောင်ကဲ့သို့ နီရဲနေသောမျက်လုံးလေးများနှင့် ဆိုဖာပေါ်တွင်ထိုင်ကာ ဒူးကလေးများကို ပိုက်ထားသည်။ အချိန်မရွေးစီးပွားပျက်ကိန်းဆိုက်တော့မယောင် မျက်ရည်များဝဲနေလေသည်။

လန်ရှင်းချန်၏အသံကို ဆုမော့မော့ စိတ်ထဲတွင်ကြားလိုက်ရသည်။

"အိုက်ယား၊ မငိုပါနဲ့၊ ငါအခုပဲနည်းလမ်းတစ်ခုတွေးလိုက်မိသည်။"

လန်ရှင်းချန်သည် ဆုမော့မော့၏ခန္ဓာကိုယ်ကို ဝင်ရောက်သွားပြီးနောက် ဆုမော့မော့၏အတွေးများ၊ ခံစားချက်များအားလုံးကို သူမ,ပါလိုက်ပါခံစားနေရသည်။ ဆုမော့မော့ စိုးရိမ်နေမှန်း စိတ်ရှုပ်နေမှန်း လန်ရှင်းချန်သိသော်လည်း ဤသောက်ကျိုးနည်းအစွမ်းအသစ်သည် ယခုကဲ့သို့ မည်သည့်တုန့်ပြန်မှုမျှမရှိဖြစ်သွားကာ သူမကိုမျက်နှာသာလုံးဝမပေးခဲ့ပေ။

ဆုမော့မော့ နှာတရှုံ့ရှုံ့ဖြစ်နေပြီး စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"နှစ်နာရီတောင်ကြာနေပြီလေ၊ နင်ဘာလို့ထွက်လာလို့မရတာလဲ။"  

ဆုမော့မော့သည် အသန့်အလွန်ကြိုက်သူဖြစ်သည်။ မနက်ခင်းတိုင်းရေချိုးပြီး အပြင်မှာနှစ်နာရီထက်ကြာအောင်နေမိပြီး အိမ်ပြန်ရောက်လျှင် ရေချိုးလေ့ရှိပြန်သည်။ လတ်တလောသည် ရှန်းယန်မြို့၏အပူဆုံးရာသီဖြစ်သည်။ သူမ တစ်နေကုန်အလုပ်လုပ်နေတာဖြစ်သောကြောင့် ရေပျော်ပျော်ကြီးချိုးရဖို့ မျှော်လင့်ထားပြီးဖြစ်သည်။ ဒါ့အပြင်... ဆုမော့မော့ သန့်စင်ခန်းအရမ်းသွားချင်နေပြီဖြစ်သည်။ သူမတစ်နာရီနီးပါး အောင့်ထားရတာဖြစ်သည်။

"ငါတောင်းပန်ပါတယ်ဟာ၊ ငါ... ဒီအစွမ်းကနိုးလာစ,ရှိသေးတော့လေ၊ ပြီးတော့ ငါနိုးနိုးချင်း နင့်ကိုရှာဖို့လာခဲ့တာ။ ဒီအစွမ်းက ဒီလောက်ကြီးတဲ့ဆိုးကျိုးရှိမယ်မှန်း ငါမသိခဲ့ရိုးအမှန်ပါဟာ။"

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now