အခန်း (၁၄) ခံစားလွယ်နေသော စိတ်အခြေအနေ
အချိန်တို့ တရွေ့ရွေ့နှင့် ကုန်လွန်လာသည်။ မြောက်ပိုင်းတွင် နွေရာသီသည် နေ့တာရှည်၍ ညတာတိုသည်။ မနက်ခင်း ငါးနာရီတွင် အာရုံတက်နေပြီဖြစ်သည်။ လန်ရှင်းချန်နှင့် ခဏကြာ စကားစမြည်ပြောပြီးနောက် ဆုမော့မော့ အနည်းငယ် အိပ်ချင်လာသည်။ ထို့ကြောင့် အိပ်စက်ရန် အိပ်ယာဆီသို့ ပြန်လာခဲ့သည်။ နာရီအနည်းငယ်မျှ အိပ်စက်ပြီး အိမ်ပြန်ကာ စားကောင်းသောက်ကောင်းများ စားသောက်မည်ဟု စီစဉ်ထားသည်။
သို့သော် သူမ လဲလျောင်းပြီး များမကြာခင်တွင် အိပ်ခန်းထဲရှိ လေထုအခြေနေသည် ရုတ်တရက် ပူနွေးလာသည်။ အခန်းထဲရှိအပူချိန်သည် မတိုင်ခင်က အအေးဓါတ်တို့ ထုတ်လွှတ်နေရင်းက ရုတ်တရက် အပူချိန်မြင့်တက်လာခြင်း ဖြစ်သည်။ ဆုမော့မော့ နဖူးထက်တွင် ချွေးအနည်းငယ် စို့လာရသည်။
"ဘာဖြစ်တာလဲဟ?"
ဆုမော့မော့ ထ,ကြည့်ဖို့သာ ရှိတော့သည်။ ဆုမော့မော့ အိပ်ယာပေါ်မှာပင် ရပ်လိုက်ကာ လေထွက်ပေါက်ဆီ လက်ဖဝါးကပ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"လေအေးမလာတော့ဘူး"
ဆုမော့မော့ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သည်အချိန်ကြီး စက်ပြင်ဆရာကို မခေါ်သင့်သည်မှာ အသေချာပင်။
လန်ရှင်းချန်၏ အသံ ထွက်ပေါ်လာသည်။
"ငါကြည့်ပေးရမလား?"
"အေး"
သဘောတူသည်ကို ကြားသောအခါ လန်ရှင်းချန် ဆုမော့မော့ခန္ဓာကိုယ်၏ ထိန်းချုပ်မှုကို တစ်ဖန် လက်လွှဲယူလိုက်ပြန်သည်။ သူမ remoteကို ယူလိုက်ပြီး လေအေးပေးစက်ကို ဖွင့်လိုက် ပိတ်လိုက် အကြိမ်ရေနည်းနည်း လုပ်ကြည့်လိုက်သည်။ အပူချိန်ကိုလည်း ပြန်ညှိကြည့်လိုက်သည်။ သို့သော် လေအေးပေးစက်သည် လေပူတို့ကိုသာ ထုတ်လွှတ်နေဆဲ။
သူမ window ကို ဖွင့်ကြည့်မည်ဟု စဉ်းစားပြီးနောက် windowကို ဆွဲခွာလိုက်သည်။ ပြီးနောက် ကိုယ်ကို တစ်ဝက်လောက်ကိုင်းကာ အပြင်သို့ပါလာသော အစိတ်အပိုင်းတို့ကို တစ်ချက်ကြည့်လိုက်သည်။
My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora