အခန်း (၁၉) သူမရဲ့ ရွေးချယ်မှု
ဟောင်ကျယ်ဖန် မစ္စတာကျန်းကို ကြည့်လိုက်သည်။ ထို့နောက် လန်ရှင်းချန်ကို ကြည့်လိုက်သည်။ သူမသည် လှုပ်ရှားမှုမရှိဘဲ ရပ်၍သာနေသည်။ သူမမျက်နှာတွင် မည်သည့်အမူအရာမျှ မရှိ။ သူမမျက်လုံးများသည် ဗလာကျင်း ဖြစ်နေသည်။ သူသည် သူမဆီသို့ လျှောက်သွားကာ ပုခုံးလေးကို ပုတ်ပေးလိုက်သည်။ သူ အေးဆေးစွာ ပြောလိုက်သည်။
"မင်း အခု တွေးနေတာကို ငါ အနည်းအကျဉ်းတော့ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် ဖြစ်လာသမျှကို ရင်ဆိုင်လိုက်ကြတာပေါ့။ အပြာရောင်ထောင်ကျိုက်လန်းလင့်က မစ္စတာကျန်းရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သန့်ထားတာပါ။ သူ မော့မော့ကို အန္တရာယ်မပြုပါဘူး။ သူ အခုလိုလုပ်လိုက်တာကလည်း မင်းကို မျှားခေါ်ဖို့"
လန်ရှင်းချန် ပါးစပ် အနည်းငယ် ဟ လိုက်သော်လည်း သူမ ဘာပြန်ပြောရမှန်း မသိပေ။
ဟောင်ကျယ်ဖန် ဆက်ပြောသည်။
"အပလောကရဲ့ စည်းမျဉ်းစည်းကမ်းအရ မင်းမှာ လူ့လောကကူးလက်မှတ် ရှိတယ်ဆိုတော့ မင်းက အပလောကရဲ့ မျက်နှာသာပေးမှုကို ရလိုက်တယ် ဆိုတဲ့ သဘောပဲ။ သီအိုရီအရ ပြောရရင် မင်းလည်း အပလောကအကျိုးဆောင်တွေလိုပဲ ထောင်ကျိုက်လန်းလင့်ကို ကိုင်ဆောင်ထားတဲ့ ဝိဉာဉ်တွေကို တတ်နိုင်သလောက် ကူညီပေးသင့်တယ်။ ဒါပေမယ့်လည်း ဒါက အကြံပြုတာပါ။ လုပ်ကိုလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ မင်းဆန္ဒအပေါ်မှာပဲ မူတည်တယ်"  
မစ္စတာကျန်းလည်း လျှောက်လာသည်။ သူ ရိုးသားစွာ ပြောလာသည်။
"ငါသေတုန်းကလည်း မင်းလောက်ပဲ ငယ်ငယ်ပဲ ရှိသေးတာ။ အိပ်မက်ကိုထိန်းချုပ်လိုက်တဲ့အတွက်တော့ ငါ တောင်းပန်တယ်။ ပြီးတော့ မင်းတို့နှစ်ယောက်က ဒီအမှုဟောင်းကို ပြန်ဖော်ဖို့ ကူညီပေးလိမ့်မယ်လို့ ငါ တကယ်မျှော်လင့်တယ်။ ဒါကို ငါ့အတွက် ကူညီပေးတယ်လို့ သဘောမထားဘဲ အသက်ရှစ်ဆယ်နီးနီး အမေအိုကြီးနဲ့ သူ့ကိုယ်သူ မစောင့်ရှောက်နိုင်တဲ့ ကလေးတစ်ယောက်ကို ကူညီပေးတယ်လို့ သဘောထားပေးပါ"
My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora