Unicode
အခန်း (၁၇) ရက်စက်ကြမ်းကြုတ်သော ဝိဉာဉ်တစ်ကောင်က ခြောက်လှန့်ခြင်း
"တကယ်ကြီးလားဟ?"
ဟောင်ကျယ်ဖန် အပလောကအကျိုးဆောင် ဖြစ်လာသည်မှာ နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်သည်။ သို့သော် သေဆုံးစာရင်းစာအုပ်တွင် ဤကဲ့သို့သောအရာမျိုး သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဆုမော့မော့၏ သေဆုံးရခြင်း အကြောင်းအရင်းကို ဖော်ပြထားသော ဇယားထဲရှိ စကားလုံးများသည် ဆက်တိုက်ဆိုသလို ပြောင်းလဲနေလေသည်!
'ရေနစ်၍ သေဆုံးခြင်း'၊ 'ဓါတ်လိုက်၍ သေဆုံးခြင်း'၊ 'လေးလံသောပစ္စည်းပိ၍ သေဆုံးခြင်း'၊ 'ချော်လဲ၍ သေဆုံးခြင်း'; ဆုမော့မော့၏ သေဆုံးရခြင်းအကြောင်းအရာများ ဖြစ်သည့် ထိုအခြေအနေလေးခုသည် သေဆုံးစာရင်းစာအုပ်ထဲတွင် ကြုံရာကျပန်း ပြောင်းလဲ ဖြစ်ပေါ်နေသည်။
"ဘယ်လိုဖြစ်တာလဲ?!"
လန်ရှင်းချန်သည် ဆုမော့မော့၏ လုံခြုံရေးကိုသာ တွေးပူနေသည်။ ဟောင်ကျယ်ဖန်၏ တုံပြန်မှုကြီးကို မြင်လိုက်သောအခါ ဟောင်ကျယ်ဖန်နားမနေရ ဟူသော တားမြစ်ချက်ကို သတိလက်လွတ်ဖြစ်သွားသောကြောင့် သေဆုံးစာရင်းစာအုပ်ထဲသို့ ကြည့်လိုက်မိသည်။
"ဘာကြီးလဲ?!"
လန်ရှင်းချန် သေဆုံးစာရင်းစာအုပ်ထဲမှ အကြောင်းအရာတို့ကို မြင်သောအခါ ခြေယိုင်လုနီးပါး ဖြစ်သွားရသည်။ အရောင်အသွေးမရှိသော သူမမျက်နှာသည် ပို၍ပင် ဖျော့တော့သွားတော့သည်။
ဟောင်ကျယ်ဖန်သည် နှစ်တစ်ရာကျော် သက်တမ်းရင့်အပလောကအကျိုးဆောင်ဖြစ်သည်။ သူသည် ပြဿနာ၏ အဓိကသော့ချက်ကို သတိထားလိုက်မိသည်။ သူသည် ဆုမော့မော့၏ သေဆုံးမည့်အချိန်ဆီသို့ အကြည့်တစ်ချက် ဝေ့လိုက်ပြီးနောက် အချိန်ကြည့်ရန် အိတ်ဆောင်နာရီကို ထုတ်လိုက်သည်။ ဆုမော့မော့သေဆုံးမည့်အချိန်သည် ဆယ်မိနစ်အတွင်းဖြစ်သည်။ ဆိုလိုသည်မှာ သူမ အသက်ရှင်နေဆဲဖြစ်ပြီး အန္တရာယ်ကျလုဆဲဆဲ ဖြစ်သည်!
လန်ရှင်းချန် မျက်ထောက်နီကြီးနှင့် ဟောင်ကျယ်ဖန်ဘက်လှည့်ကာ အော်ပြောလာသည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]