Unicode
အခန်း (၂၃) First Date
ရုံးပိတ်ရက်သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာသည်။ ဆုမော့မော့၏အမေသည် အိမ်ပြန်လာမည်လားဟု ဖုန်းဆက်မေးလာသည်။ ဆိုဖာပေါ်ထိုင်နေရင်း ဆုမော့မော့သည် မလှမ်းမကန်းတွင် စာဖတ်နေသော လန်ရှင်းချန်ဆီသို့ အကြည့်ဝေ့လိုက်သည်။ သူမနှုတ်ခမ်းထောင့်စွန်းလေးများ မကွေးညွတ်ဘဲမနေနိုင်ပေ။
တစ်ခြားကြောင့်တော့မဟုတ်။ လန်ရှင်းချန် စာဖတ်နေပုံမှာ ပြိုင်စံရှားဖြစ်နေသောကြောင့်ပင်။ သူမသည် စာအုပ်စဉ်မှ စာအုပ်တစ်အုပ်ကို ရွေးလိုက်သည်။ ထိုစာအုပ်ကို စားပွဲပေါ်သို့တင်ပေးရန် ဆုမော့မော့ကို အကူအညီတောင်းသည်။ ထို့နောက် စာအုပ်အဖုံးကို စိုက်ကြည့်ကာ စာစ,ဖတ်လေတော့သည်။
လန်ရှင်းချန် ရှင်းပြခဲ့သည်။ လူတွေက သေဆုံးသွားပြီးရင် လူ့လောကမှာရှိတဲ့ အရာဝတ္ထုတွေကို ထိတွေ့လို့မရတော့ဘူး။ ဒါပေမယ့် သူမဟာ ကံကောင်းထောက်မ,စွာဖြင့် ထွင်းဖောက်မြင်နိုင်ခြင်းဟူသော အစွမ်းတစ်မျိုး နိုးထလာခဲ့သည်။ ထိုအစွမ်းသည် အနည်းငယ်တော့ ဒုက္ခရောက်တယ်ဆိုပေမယ့်လည်း ပိုးကောင်အိမ်လေးထဲသို့ ချောင်းကြည့်သကဲ့သို့ စာမျက်နှာများကို ဖတ်ကြည့်ရန် သူမ၏ ထွင်းဖောက်မြင်နိုင်စွမ်းကို အသုံးပြုနိုင်ပေသည်။
လန်ရှင်းချန် အာရုံအလုံးစုံစိုက်၍ စာအုပ်အဖုံးကို စိုက်ကြည့်နေသည်ကို ကြည့်ရင်း ဆုမော့မော့ တစ်ကယ်ကို မပြုံးဘဲမနေနိုင်တော့။
မေမေဆု၏ စကားသံသည် စပီကာမှတစ်ဆင့် ပျံ့လွင့်လာသည်။
"သမီး? ဟယ်လို ဘာလို့စကားဆက်မပြောတော့တာလဲ?"
ဆုမော့မော့ အာရုံပြန်ရလာကာ လန်ရှင်းချန်ဆီသို့ ရောက်နေသော သူမအကြည့်ကို ပြန်ရုတ်သိမ်းကာ ပြောလိုက်သည်။
"မား သမီး ဒီတစ်ပတ်ပိတ်ရက် အိမ်ပြန်မလာတော့ဘူး။ မား ပါးနဲ့အတူ စားကောင်းသောက်တွေချက်ပြီး ရှောင်ယွီကို ကျွေးလိုက်ပါ။"
"ဘာလို့လဲ? အလုပ်များလို့လား?"
ဆုမော့မော့ ခဏစဉ်းစားပြီး ဖြေလိုက်သည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]