အခန်း (၄၅) ငါနင့်ကိုဖက်ထားပေးမယ်
နေ့လည်ခင်းတွင် လန်ရှင်းချန် ဆုမော့မော့အား ရှေ့နေရုံးသို့သွားကြိုသည်။ လန်ရှင်းချန်လက်မောင်းပေါ်ရှိပတ်တီးဖြည်လိုက်သည်ကို မြင်လိုက်သော် ဆုမော့မော့ ပျော်ရွှင်စွာပြောလိုက်သည်။
"နင် သက်သာသွားပြီပေါ့?"
"ငါ ဝိဉာဉ်ဆရာဝန်ဆီသွားလိုက်တာလေ။ ဆရာဝန်ကပြောတယ် ငါ့ဝိဉာဉ်ကပြန်ကောင်းနေပြီတဲ့။ အဲဒါကြောင့် ပတ်တီးဖြည်ပေးလိုက်တာ"
"မနက်ဖြန် ပိတ်ရက်ဆိုတော့ ဒီနေ့ည ဟော့ပေါ့စားရင်း ပတ်တီးဖြည်တာကိုဂုဏ်ပြုလိုက်ကြရအောင်?"
လန်ရှင်းချန်ကတော့ နှစ်ခါမပြောရပေ။ ဟင်းသီးဟင်ရွက်ဈေးသို့ အတူတူဟင်းရွက်ဝယ်ထွက်လိုက်ကြသည်။ ဆုမော့မော့၏သဘောတူညီချက်ကြောင့် လန်ရှင်းချန် ဆုမော့မော့ခန္ဓာကိုယ်ထဲဝင်ကာ ဈေးဝယ်တွန်းလှည်းကို ကူတွန်းပေးရင်း ဆုမော့မော့အား ဟော့ပေါ့အတွက်လိုအပ်သည့်ပါဝင်ပစ္စည်းများကို ကူရွေးပေးနေသည်။
ဆုမော့မော့ အကြိုက်ဆုံးသော dietအစားအစာများသည် လန်ရှင်းချန်လက်ထဲတွင်အကုန်ရောက်နေလေသည်။ ရွေးထားသည့်အရာအားလုံးသည် ဆုမော့မော့အကြိုက်များသာဖြစ်နေတော့သည်။
တကယ်တမ်းတွင် သူတို့နှစ်ယောက် အတူရှိနေခဲ့ကြသည်မှာ အတော်ကြာပြီဖြစ်သည်။ လန်ရှင်းချန်သည် ဆုမော့မော့အကြောင်းနားလည်သိနေကြောင်း နည်းလမ်းအမျိုးမျိုးဖြင့် မသိမသာဖော်ပြလေ့ရှိသည်။ ထိုသည်ကို သူတို့နှစ်ဦးစလုံးသိနေခဲ့ကြပါသော်လည်း တစ်ယောက်မှသိသလိုမနေခဲ့။
သို့သော်လည်း လန်ရှင်းချန်တွင် စိတ်ဖတ်နိုင်စွမ်းရှိနေခြင်းကြောင့် ဆုမော့မော့ လန်ရှင်းချန်ကို ဦးတည်ချက်များစွာဖြင့်ကြိုးစားရှာဖွေနေသော်လည်း လန်ရှင်းချန်ကို သူ့ဘဝသူ့မှတ်ဉာဏ်များထဲတွင် ရှာမတွေ့ခဲ့။ ထို့ကြောင့် ထို'အချက်'ကို ဆုမော့မော့ တဖြည်းဖြည်းလက်ခံလာခဲ့သည်။
လန်ရှင်းချန်သည် ဆုမော့မော့ခန္ဓာကိုယ်ဖြင့် ဟင်းအမယ်များကို ဂရုတစိုက်ရွေးနေသည်။ ယနေ့ဖြစ်ပျက်ခဲ့သည်များကို ဆုမော့မော့သည် လန်ရှင်းချန်အား ပြန်ပြောပြနေသည်။
My Wandering Spirit Lady[ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon