Unicode
အခန်း(၁) ငါဝိဉာဉ်တစ်ကောင်ကိုမြင်နေရတယ်
ဆံပင်ကိုခပ်မြင့်မြင့်လေးစည်းပြီး ဂျင်း၀တ်ထားတဲ့ကောင်မလေးတစ်ယောက်ဟာ ဆေးရုံကုတင်တစ်ခုပေါ်တွင်တင်ပလ္လင်ခွေ ထိုင်နေသည်။ ဖြူဖွေးနေသောအိပ်ယာခင်းနှင့်ဆန့်ကျင်စွာ သူမ၏ရှုူးဖိနပ်သည်ညစ်ပေနေလေသည်။
ပိုးသတ်ဆေးနံ့သည်လေထုထဲတွင်ပျံ့နှံ့လျှက်ရှိသည်။ တတီတီမြည်သံကိုလည်းအချိန်တိုင်းကြားနေရသည်။
သူမထိုင်နေသောကုတင်နှင့်ကပ်လျှက်ကုတင်ပေါ်တွင် ကောင်မလေးတစ်ယောက်လဲလျောင်းလျှက်ရှိသည်။ သူမ၏ခေါင်းတွင်ပတ်တီးစည်းထားသည်။ သူမ၏မျက်တောင်ရှည်လေးများ၏အရိပ်တို့သည်မျက်လုံးလေးများအောက်တွင်ထင်ဟပ်လျက်ရှိသည်။သူမ၏မျက်နှာလေးသည်အလွန်ဖြူဖျော့နေသော်လည်းငြိမ်းချမ်းစွာအိပ်စက်နေပုံပေါ်သည်။ သာယာချိုမြိန်သောအိပ်မက်မက်နေပုံပင်ပေါ်နေသည်။
လျှပ်စစ်နှလုံးခုန်နှုန်းပြစက်သည်သူမ၏ကုတင်ခေါင်းရင်းတွင်ရှိနေပြီး စိတ်အစဉ်ပင်ပန်းနွမ်းနယ်နေပုံရသော အသက်အလတ်ပိုင်းအရွယ်စုံတွဲသည်သူမ၏ကုတင်ဘေးတွင်ထိုင်နေသည်။
ဒီနေ့ရာသီဥတုကသာယာပေသည်။ နေ့လည်ခင်းနေရောင်ခြည်သည် ဆေးရုံခန်းထဲသို့ဝင်ရောက်ကာ ကုတင်ပေါ်ရှိမိန်းကလေးထံသက်ဆင်းလေသည်။ ဆရာဝန်များနှင့်သူနာပြုများသည် အခန်းအပြင်ဘက် ကော်ရစ်တာတွင်အခေါက်ပေါင်းများစွာဖြတ်လျှောက်နေကြသော်လည်း ကုတင်ပေါ်တွင်ဖိနပ်တင်လျှက်ရဲတင်းစွာထိုင်နေသောအနှီမိန်းကလေးကိုမူ မည်သူမျှအဖက်မလုပ်ကြပေ။
အသက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် ဖြည်းညင်းစွာထရပ်ကာ ပြတင်းပေါက်ဆီသို့ လိုက်ကာချရန် လျှောက်သွား၏။
အမျိုးသားကဆိုသည်။
"ပြန်တင်လိုက်ပါ။ ဆရာ၀န်ကပြောထားတယ်လေ နေရောင်ခြည်က မိုမို့ ကျန်းမာရေးအတွက်ကောင်းတယ်လို့။"
ထိုစကားကိုကြားသောအခါ အမျိုးသမီးသည် မျက်ရည်စများကိုသုတ်လိုက်သည်။ သူမသည် တရှုံ့ရှုံ့ငိုနေသည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]