အခန်း (၄၈) အချစ်ဆိုတာဘာလဲ/အခန္း (၄၈) အခ်စ္ဆိုတာဘာလဲ

32 6 0
                                    

Unicode

အခန်း(၄၈) အချစ်ဆိုတာဘာလဲ

လန်ရှင်းချန် စိတ်တွေထိုင်းမှိုင်းသွားပြီး ဆုမော့မော့နှင့်စကားများခဲ့စဉ်ကိုပြန်အမှတ်ရမိသည်။ စန်းထင်းနန်အမှုတွင် လျှို့ဝှက်ချက်တစ်ခုအမှန်တကယ်ရှိနေခဲ့ပါက ဆုမော့မော့မမှားဘူးမဟုတ်လား?

ဆုမော့မော့ ထိုကိစ္စကိုအမှတ်မထားသော်လည်း သူမှားခဲ့တာကမှားခဲ့တာပင်။ တစ်ဖက်လူ၏ မတူကွဲပြားမှုကြောင့် လန်ရှင်းချန် အမှားလုပ်မည်မဟုတ်ပေ။

"ဘာတွေဖြစ်လဲဆိုတာ အမကိုပြောပြပေးနိုင်မလား?"

"အခုမှသိတော့ရော ဘာများအသုံးဝင်တော့မှာလဲ? ဝိဉာဉ်တွေအနေနဲ့ ဘာတွေများပြောင်းလဲပေးနိုင်မှာလဲ?"

"အမတို့လုပ်နိုင်တာပေါ့! အမကောင်မလေးက ရှေ့နေလေ။ ပြီ‌တော့ စန်းထင်းနန်အမှုကိုလိုက်ပေးနေတာ။ ဒီတော့ ညီမပြောပြတာတွေက အမတို့အတွက်အကျိုးအများကြီးရှိတယ်! အနည်းဆုံးတော့... အမတို့လုပ်နေတာမှန်တယ်ဆိုတာကို အတည်ပြုနိုင်တာပေါ့။"

"ကောင်းပါပြီ။ ထင်းနန်အတွက် တရားမျှတမှုရအောင် ညီမ ကူညီနိုင်မယ်ဆိုရင် ကျေကျေနပ်နပ်ကြီးကိုကူညီပေးမှာပါ။ ညီမ သူ့ကိုအကြွေးတင်နေတာလေ"

ကျောက်ရှောင်လိ ဖြစ်ပျက်ခဲ့တာတွေကိုပြန်စဉ်းစားပြီး ထိုနေ့ကအဖြစ်အပျက်အကြောင်း ပြောပြခဲ့သည်။

ထိုနေ့က စန်းထင်းနန် ကျောက်ရှောင်လိဆီလာခဲ့သည်။ ထိုအချိန်က ကျောက်ရှောင်လိ၏ကင်ဆာဆဲလ်များသည် ပျံ့နှံ့နေပြီး သူမ၏အစာရေဆာမျိုချခြင်းလုပ်ဆောင်ချက်သည် အခြေခံအားဖြင့်ပျက်ဆီးနေပြီဖြစ်သည်။ နောက်ပြီး စက်ပစ္စည်းအမျိုးမျိုးဖြင့်သာ သူမ၏အသက်ရှင်သန်မှုကို ဆွဲဆန့်ထားခြင်းဖြစ်သည်။ ကျောက်ရှောင်လိ၏မိထွေးတောင်မှ လာတွေ့သည့်အရေအတွက်ကျဲပါးလာသည်။

ရှိုက်ကြီးတငင်ငိုကြွေးသံကြောင့် ကျောက်ရှောင်လိ အားယူကာမျက်လုံးများဖွင့်ကြည့်လိုက်သည်။ ဘဝသည် ဤအခြေအနေသို့ရောက်လာသောအခါ ကမ္ဘာကြီး၏အေးစက်မှုကို ကျောက်ရှောင်လိခံစားပြီးဖြစ်သည်။ သူမအတွက်ငိုကြွေးပေးမည့်သူ တစ်ယောက်ယောက်ရှိလိမ့်မည်ဟု သူမ မထင်ခဲ့။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now