Unicode
အခန်း (၅၆) ငါကနစ်နာသူလေ
ဆုမော့မော့နိုးလာတော့ သူနေ့နေ့ညညသတိရနေမိတဲ့အသံလေးကို အိပ်ယာဘေးကနေကြားလိုက်ရသည်။
"နိုးပြီလား?"
ဆုမော့မော့ ညကအိပ်မပျော်ပေ။ သူထထိုင်လိုက်ပြီး လန်ရှင်းချန်ရင်ခွင်ထဲပြေးဝင်တော့သည်။
"သတိထား!"
လန်ရှင်းချန် အမြန်ဖမ်းလိုက်ပါသော်လည်း ဆုမော့မော့ကတော့ 'ဝှစ်'ခနဲ လန်ရှင်းချန်ရဲ့ဝိဉာဉ်ခန္ဓာကိုယ်ကိုဖြတ်ကာ ကြမ်းပြင်ပေါ်သို့လိမ့်ကျတော့သည်။
ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး ခန္ဓာကိုယ်အောက်ပိုင်းသည် အိပ်ယာပေါ်တွင် တွဲလျားကြီးကျနေကာ ခြေထောက်များက စောင်ဖြင့်ရစ်ပတ်နေလေသည်။(ခရက်ရှ်ရှေ့မှာ ရုပ်ပျက်ဆင်းပျက်ပဲ)
ဆုမော့မော့ဘေးတွင် လန်ရှင်းချန်ထိုင်လိုက်ပြီး ဆုမော့မော့ရဲ့ပြုံးဖြီးဖြီးမျက်နှာကြီးကိုကြည့်လိုက်သည်။ သူအရမ်းစိတ်ညစ်သွားပြီးမေးလိုက်သည်။
"မြန်မြန်ထပြီး ကြည့်လိုက်ဦး ကျိုးကျက်သွားသေးလား?"
ရဲပတောင်းခက်နေသောမျက်နှာနဲ့ဆုမော့မော့သည် ကြမ်းပြင်ကနေထလိုက်ပြီး အိပ်ယာပေါ်ပြန်ထိုင်လိုက်ကာ လန်ရှင်းချန်ကိုစိုက်ကြည့်လိုက်သည်။ သူ့ပုံစံက မျက်စိတစ်မှိတ်အတွင်း လန်ရှင်းချန်ပျောက်သွားမှာစိုးရိမ်နေသည်နှင့်တူသည်။
လန်ရှင်းချန် ဆုမော့မော့ကိုအပေါ်အောက်စုန်ဆန်ကြည့်ပြီး နာကျင်နေသောအသံနဲ့မေးလိုက်သည်။
"ဘယ်လိုဖြစ်ရတာလဲ? ကိုယ့်ကိုယ်ကိုယ်ပစ်လဲပြီးနာကျင်အောင်လုပ်တယ်?"
ဆုမော့မော့က ရှက်ကို့ရှက်ကန်းပြောလိုက်သည်။
"ငါအိပ်မက်မက်နေတယ်ထင်လိုက်လို့ပါ။ ငါနင့်ကိုထိလို့မရဘူးဆိုတာ မေ့သွားတယ်"
လန်ရှင်းချန် ဆုမော့မော့ကိုကြည့်နေရင်း ပြောစရာစကားမဲ့သွားရသည်။ သူ့စိတ်ကိုဖတ်ကြည့်ပြီး လန်ရှန်းချန်သိလိုက်ရတာက ဆုမော့မော့ နာသွားတယ်။ ဒါပေမယ့် ပျော်ရွှင်မှုကနာကျင်မှုကိုဖုံးသွားတာ။ အဲဒါကြောင့် နာသွားတယ်ဆိုတာကိုထုတ်မပြတာ။
VOUS LISEZ
My Wandering Spirit Lady[ဘာသာပြန်]