Unicode
အခန်း (၂၂) သက်သေသက္ကာရ ပေါ်ပေါက်လာခြင်း
မှုခင်းဆေးပညာရှင်၏ အိပ်မက်သည် လျင်လျင်မြန်မြန်ပဲ ပြီးဆုံးသွားခဲ့သည်။ သူသည် မှုခင်းဆေးပညာရှင်ခေါင်းဆောင် ဖြစ်ခဲ့သည့်အတွက် မှတ်တမ်းမှတ်ရာများကို အရူးကွက်နင်းလိုက်ရန်မှာ သူ့အတွက် အရာအားလုံးသည် အလွန်အလွယ်တကူဖြစ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးအား ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားသော်လည်း သေဆုံးသူ၏ခေါင်းပေါ်ရှိ အရိုက်ခံရသောဒဏ်ရာသည် သေစေနိုင်သော ဒဏ်ရာလောက် ထင်ထင်ရှားရှားမရှိပေ။ ထို့ကြောင့် မှုခင်းဆေးပညာရှင်သည် အလွယ်တကူ အရူးလုပ်နိုင်ခဲ့သည်။
ကိစ္စများ ပြီးစီးသွားသောအခါ စီနီယာအတွင်းရေးမှူးဝမ်သည် မှုခင်းဆေးပညာရှင်အား ဆုလာဘ်အဖြစ် အောချရလောက်သော ငွေပမာဏာကို နှစ်ဦးကြား ပေးခဲ့သည်။ ထိုကိစ္စပြီးနောက် မှုခင်းဆေးပညာရှင်သည် ခေါင်းဆောင်ရှင်း၏ ကာကွယ်ပေးမှုအောက်တွင် အဆင်ပြေပြေချောချောမွေ့မွေ့ပင် အသက်မွေးဝမ်းကြောင်းမှုကို ရှေ့ဆက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီနီယာအတွင်းရေးမှူးဝမ်သည် အပြောင်းအရွှေ့ကျပြီး ခေါင်းဆောင်ရှင်းသည် ရာထူးတိုးခဲ့သည်။ ရှန်းယန်မြို့တွင် ကျန်ရစ်ခဲ့သော တစ်ဦးတည်းသောလူမှာ မှုခင်းဆေးပညာရှင်သာ ဖြစ်သည်။
သို့သော်လည်း အချိန်တို့ တရွေ့ရွေ့ပြောင်းလဲကုန်ဆုံးသွားသည်နှင့်အမျှ မှုခင်းဆေးပညာရှင်သည် သူ၏တစ်နေ့တာဘဝကို ပျော်ရွှင်စွာ မဖြတ်သန်းနိုင်တော့ချေ။ မစ္စတာကျန်း၏ အမှုကိစ္စနှင့် ဆင်တူသော အမှုများနှင့် ကြုံတွေ့ရချိန်တိုင်း မိမိပြုလုပ်ခဲ့သော မကောင်းမှုအကုသိုလ်များကို ပြန်ပြောင်း သတိရနေမိနေမြဲ ဖြစ်သည်။
သူသည် ထိုပမာဏများလှသောငွေများကို သုံးစွဲပြီးဖြစ်သော်လည်း သူ၏အကုသိုလ်အကြွေးများသည်တော့ ဘယ်တော့မျှ ကုန်စင်သွားမည်မဟုတ်။ မှုခင်းဆေးပညာရှင်သည် ဤအမှုတွင် ကြံရာပါတစ်ဦး ဖြစ်လာခဲ့သည်။ ထိုအမှုအကြောင်း အမှန်အတိုင်းဝန်ခံလိုက်သည်ကသာ တစ်ခုတည်းသော ငြိမ်းချမ်းမှုကို ယူဆောင်လာရာဖြစ်မည်ကို သိသော်လည်း ထိုသို့ပြုလုပ်ရန် သူ့တွင် သတ္တိမရှိခဲ့ပေ။
BẠN ĐANG ĐỌC
My Wandering Spirit Lady[ဘာသာပြန်]