အခန်း (၂၅) အိန္ဒိယမှော်အတတ်/အခန္း (၂၅) အိႏၵိယေမွာ္အတတ္

39 9 3
                                    

Unicode

အခန်း (၂၅) အိန္ဒိယမှော်အတတ်

စက်တင်ဘာလ၏ ရွှေရောင်လွှမ်းသောဆောင်းဦးရာသီရောက်နေသည့်တိုင် ပူပြင်းသောရာသီဥတုကာလသည် မခွဲခွာနိုင်သေးဘဲကျစ်ရစ်နေဆဲ။ သစ်ပင်ပန်းမန်များအလယ်ရှိ ပုစဉ်းရင်ကွဲလေးများသည် ပူလောင်အိုက်စက်သောအပူငွေ့များထဲမှ လက်ဆက်မှုမရှိသောလေထုကို ရှူရှိုက်နေရသကဲ့သို့ ဝမ်းနည်းကြီးစွာ တကျည်ကျည်အော်မြည်နေကြသည်နှင့်တူလေသည်။

မစ္စတာကျန်းနှင့် လန်ရှင်းချန်သည် အန်တီဝူ၏နောက်နားတွင် မတ်ရပ်လျှက်ရှိကြသည်။ နေပူပူသည် သူတို့ခေါင်းပေါ်တည့်တည့်သို့ ကျရောက်နေသော်လည်း မစ္စတာကျန်းသည် အနည်းငယ်ချမ်းစိမ့်သလိုခံစားနေရသည်။

လမ်းမပေါ်မှကားသည် ရုတ်တရက်ထိုးကွေးချလာမလား၊ အမြင့်တစ်နေရာမှ တစ်ခုခုများပြုတ်ကျလာမလားဟုတွေးကာ ကြောက်နေမိသည်။ စိတ်ထဲတွင် လန်ရှင်းချန်ပြောပြသော 'သွေးစွန်းနိုင်သောအန္တရာယ်'ဟူသည်က ကြီးစိုးနေသည်။

လန်ရှင်းပြောသလိုပါပင် 'သူတို့ထဲကဘယ်သူကမှ ဘာမှမလုပ်နိုင်ကြပေ...'

သူတို့နှစ်ယောက်လုံးသည် တန်ဖိုးရှိလှသော လူသားခန္ဓာကိုယ်ကို ဆုံးရှုံးသွားပြီးဖြစ်သည်။ လူ့လောကရှိ မြက်တစ်ပင် သစ်ပင်တစ်ပင် ပင်လျှင်သူတို့လက်လှမ်းမမီနိုင်သောအရာများပင်။ အန္တရာယ်သာအမှန်တကယ်ကျရောက်လာပါက ဖြစ်ပျက်သွားသည်များကို ရပ်ကြည့်နေရုံမျှအပ တတ်နိုင်တာမရှိ။

ထွက်သွားမည့်ဆဲဆဲလန့်ရှင်းချန်ကို မစ္စတာကျန်းတားထားလိုက်သည်။ သူမသည် သူမတူအောင်ဝိဉာဉ်စွမ်းအားများသူဖြစ်သောကြောင့်ဖြစ်သည်။ သူမသည် မစ္စတာကျန်းအတွက်တော့ ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်သောဖြစ်တည်မှုမျိုးနှင့်တူပေသည်။ သေရေးရှင်ရေးအချိန်တွင် သူမသည် သူ့အမေခန္ဓာကိုယ်ထဲဝင်ကာ သူ့အမေအသက်ကိုကယ်ပေးနိုင်သည်။

မစ္စတာကျန်း ကြောက်လန့်တကြားဖြစ်ကာ နောင်တရနေပုံကိုကြည့်ကာ လန်ရှင်းချန် အာမခံလိုက်သည်။

"စိတ်ချပါ။ ဒီနားမှာတဖျက်ဖျက်ရိုက်နေကြတဲ့ ကင်မရာတွေလည်းရှိတယ်။ ပြီးတော့ လူထုကစောင့်ကြည့်နေတာ။ တရားခံကောင်က နေ့ခင်းကြောင်တောင်ကြီးတော့ လူသတ်မှုကျူးလွန်ရလောက်အောင်ထိ မမိုက်မဲလောက်ပါဘူး။"

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora