Unicode
အခန်း (၃၂) ခွဲခွာသွားခြင်း
မကြာမီ ညနေစောင်းတော့မည်ဖြစ်သည်။ ဆုမော့မော့ သူမမိဘများကိုပြောလိုက်သည်။
"ပါး မား သမီးသွားချက်လိုက်တော့မယ်"
မေမေဆုနှင့် ဖေဖေဆုသည် တစ်ယောက်နှင့်တစ်ယောက် အံ့ဩတကြီးကြည့်လိုက်ကြသည်။ မေမေဆုက ပြောလိုက်သည်။
"သမီး မား ကူချက်ပေးရမလား?"
ဆုမော့မော့ အပြုံးလေးနှင့်ပြောလိုက်သည်။
"ရတယ်။ ဒီနေ့ မားနဲ့ပါး နားနားနေနေပဲနေပါ။ စိတ်ချနေကြပါ။ သမီး စားပွဲအပြည့် အရောင်အသွေးစုံစုံနဲ့ အရသာရှိရှိချက်ကျွေးမှာ"
ဆုမော့မော့သည် မျက်နှာချင်းဆိုင်ရှိလေထုထဲကိုကြည့်လိုက်သည်။ သူမတစ်ယောက်တည်းသာမြင်နိုင်ပါသော ပုံရိပ်လေးတစ်ခုရှိနေသည်။ ထိုပုံရိပ်လေးသည် အဆိုပါစကားများကို ယုံကြည်ချက်ရှိရှိပြောထွက်နိုင်စေသောပုံရိပ်လေးဖြစ်ပြီး မိမိတစ်နေ့ထက်တစ်နေ့ ယုံကြည်အားကိုးမိလာသော တည်ရှိမှုလေးတစ်ခုဖြစ်ပေသည်။
လန်ရှင်းချန်နှင့်ဆုမော့မော့တို့ မီးဖိုချောင်ထဲဝင်သွားကြသည်။ ဆုမော့မော့၏ခွင့်ပြုချက်ရပြီးနောက် လန်ရှင်းချန်သည် ဆုမော့မော့၏ခန္ဓာကိုယ်ထိန်းချုပ်မှုကို လက်လွှဲယူလိုက်သည်။ ပထမဆုံး အေပရွန်ကိုယူကာဝတ်ဆင်လိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်များကိုထုတ်ကာ တစ်ခုချင်းစီဆေးကြောလိုက်သည်။ ဟင်းသီးဟင်းရွက်များကို မလှီးချွတ်ခင် ပန်းကန်သန့်သန့်ထဲသို့ထည့်လိုက်သည်။
လန်ရှင်းချန် ဟင်းချက်ပုံမှာ အနုစိတ်ကျပေသည်။ စားသောက်ဆိုင်တစ်ခု၏မီးဖိုချောင်ကဲ့သို့ပင် ပထမဆုံး ဟင်းချက်ရန်ပြင်ဆင်သည်။ ပြီးမှ အစီအစဉ်တကျ ချက်ပြုတ်သည်။ ထိုသို့ပြင်ဆင်ချက်ပြုတ်ခြင်း၏အကျိုးကျေးဇူးတစ်ခုကတော့ ဟင်းကျက်မြန်ခြင်းဖြစ်ပေသည်။ နောက်ဆုံးဟင်းပွဲချက်ပြုတ်ပြီးချိန်တွင် ပထမဟင်းပွဲက အေးစက်မသွားသေးပေ။
ဒီနေ့ ဟင်းခြောက်ပွဲနှင့်ဟင်းချိုတစ်ခွက်ချက်ပြုတ်ရန် လန်ရှင်းချန်စီစဉ်ထားခြင်းဖြစ်သည်။ ခရမ်းသီးနှင့်အသားနုတ်နုတ်စဉ်းတစ်ပွဲ၊ ဝက်နံရိုးနှပ်တစ်ပွဲ၊ အစိမ်းရောင်ပန်းငရုတ်အသားသွပ်တစ်ပွဲ၊ broccoliကြော်သည်ကတစ်ပွဲ၊ cold jellyfishသုပ်တစ်ပွဲ၊ သခွားသီးထောင်းတစ်ပွဲနှင့် အသီးအရွက်ဟင်းချိုတစ်ခွက်တို့ဖြစ်သည်။ ထိုဟင်းလျာများသည် ဆုမော့မော့နှင့်သူမမိသားစုအကြိုက်ဖြစ်သည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]