အခန်း (၄၉)

28 6 5
                                    

Unicode

အခန်း (၄၉) အရမ်းနောက်ကျမှတွေ့ဆုံမိကြတယ်

နေ့လည်စာစားချိန်တွင် ဆုကျယ်ယွီသည် ဆုမော့မော့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်။ လွန်ခဲ့သောအပတ်က "ဆုကျယ်ယွီနှင့် သူတို့၏နှမပေးသောယောက်ဖများ"ဂရုတွင် ကြွားလုံးထုတ်ခဲ့ပြီး သူ့အစ်မ၏ဗီဒီယိုကိုတင်ပို့ပေးရန် ဝိုင်းပြောကြသည်။ အခုလက်တလော ဆုမော့မော့အလုပ်များနေပြီး အိမ်ပင်မပြန်နိုင်ခဲ့။ ဆုကျယ်ယွီ သူ့အစ်မကိုဗီဒီယိုရိုက်ရန်အခွင့်မသာခဲ့ပေ။ အရင်အပတ်က သူ့အခန်းဖော်၏ကားအကောင်းစားကြီးအား တစ်ပတ်တိတ်အပိုင်သိမ်းထားခဲ့သည်။ သူ့အစ်မ၏ဗီဒီယိုအတိုလေးများကိုရိုက်ယူကာ ဒီအပတ်တွင် ဂရုထဲသို့ပို့ပေးမည်ဖြစ်ကြောင်း ဆုကျယ်ယွီကတိပေးထားသည်။

ယခုအချိန်သည် အခွင့်ကောင်းတစ်ခုဖြစ်သည်။ ဆုကျယ်ယွီ ဖုန်းထုတ်လိုက်ပြီး ဆုမော့မော့ကို ချိန်လိုက်သည်။

ထမင်းစားချိန်တွင် ဆုကျယ်ယွီသည် ဖုန်းကစားနေကျဖြစ်ပြီး အိမ်တွင် ပုံမှန်လုပ်နေကျဖြစ်သည်။ ကင်မရာထဲရှိဆုမော့မော့သည် ပန်းကန်လုံးကိုလက်တစ်ဖက်ကကိုင်ပြီး နောက်တစ်ဖက်က တူကိုကိုင်ကာ ပန်းကန်လုံးထဲရှိထမင်းများကိုခပ်စားနေသည်။ ထို့နောက် တူကိုနှုတ်ခမ်းဖြင့်ကိုက်၍ လက်ကလေးမြှောက်ကာ နားနောက်သို့ဆံပင်လေးသိမ်းလိုက်သည်။ ထို့နောက် တစ်ယောက်တည်းတစ်ခစ်ခစ်ရယ်နေလေသည်။ သူမမျက်လုံးများသည် စားပွဲပေါ်ရှိဟင်းပွဲများကိုစိုက်ကြည့်နေသော်လည်း ရွှန်းစိုတောက်ပနေပြီး နှုတ်ခမ်းလေးများ၏ရွှန်းစိုတောက်ပနေမှုသည်လည်း ထိုထက်မလျော့ပေ။

ဆုကျယ်ယွီ ထိုမြင်ကွင်းကို အမိအရရိုက်လိုက်ပြီး ဖုန်းကိုဝေးဝေးမှာပြန်ထားလိုက်ပြီး မျက်နှာချင်းဆိုင်ရှိဆုမော့မော့ကိုကြည့်လိုက်သည်။ အချိန်အတော်ကြာကြည့်နေပြီးမှ အော်ခေါ်လိုက်သည်။

"မမ"

"ဟင်?"

ဆုမော့မော့ စိတ်လွင့်နေရာမှလက်ရှိသို့ပြန်ရောက်လာသည်။ သူမတွေးနေမိသည်မှာ ပြီးခဲ့တဲ့ညက လန်ရှင်းချန်နှင့်သရဲကာအတူကြည့်ခဲ့ခြင်းကိုဖြစ်သည်။ ဝိဉာဉ်ဖြစ်ပါသောလန်ရှင်းချန်သည် လူသားဖြစ်သော သူမထက်ပို၍သရဲကြောက်ကြောင်းတွေးလိုက်မိသောအခါ ဆုမော့မော့ မထိန်းနိုင်ဘဲရယ်မိသွားသည်။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now