Unicode
အခန်း(၅) ဝိဉာဉ်တစ်ကောင်နှင့်ညှိနှိုင်းခြင်း
ထိုနေ့ည၌ ဆုမော့မော့သည် စုစစ်ဖန်လက်ဆောင်ပေးထားသော လက်ပတ်လေးကို သူမ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည်။ ထိုလက်ပတ်လေးသည် သူမ၏ကြောက်ရွံ့မှုများကို ဖယ်ရှားပေးသည်၊ သူမခဏလေးအတွင်းအိပ်ပျော်သွားလေသည်။
မေမေဆုသည် သူမသမီးလေးကို စိုးရိမ်နေဆဲပေ၊ ထို့ကြောင့် သူမညလယ်ခေါင်၌ ဆုမော့မော့အခန်းထဲသို့ ချောင်းကြည့်လေသည်။ သူမသမီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို တွေ့ပါမှ သူမအခန်းတံခါးကို အမြန်ပိတ်ကာ စိတ်သက်သာရာရ၍ပြုံးမိတော့သည်။
ဆုမော့မော့ကောင်းစွာအိပ်ပျော်လေသည်။ အိပ်မက်ဆိုးများလည်းမမက်ပေ၊ ဝိဉာဉ်မိန်းကလေးကိုလည်း ထပ်မတွေ့တော့ပေ။ နံနက်ခင်းတွင် သူမသက်တောင့်သက်သာရှိစွာနိုးထလာလေသည်၊ အပျင်းကြောပင်ဆန့်လိုက်သေးသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ခြည်ကိုကြည့်ကာ သူမတွေးမိသည်။ 'ဒီလိုလေးအမြဲဖြစ်နေရင်ကောင်းမှာပဲ'။
တကယ့်ဝိဉာဉ်တစ်ကောင်ကို မြင်ပြီးနောက် သူမ သည်လိုရိုးရှင်းသောဘဝတစ်ခုတွင် နေထိုင်ရသောပျော်ရွှင်မှုကို အမှန်တကယ်ခံစားမိသည်။
သို့သော် ဆုမော့မော့သည် ဝိဉာဉ်မိန်းကလေး သူမကိုတစ်ဖန်လာရှာလိမ့်ဦးမည်ဟု ခံစားနေရသည်။ မနေ့က သူတော်စင်လေးပြောသောစကားထဲတွင်လည်း အရိပ်အမြွက်ပြောထားသည်။
ဆုမော့မော့ သူမ၏လက်ကောက်ဝတ်ပေါ်မှ ပရိတ်လက်ပတ်လေးကိုခံစားမိလိုက်သည်။ သူမသက်ပြင်းတိတ်တိတ်လေးချလိုက်ပြီး တွေးမိသည်: 'ဝိဉာဉ်မိန်းကလေး သူမကိုအန္တရာယ်မပြုသရွေ့ အဆင်ပြေတယ်။ သူမမှာ တကယ်ပဲ မဖြည့်ဆည်းရသေးတဲ့ဆန္ဒရှိနေတယ်ဆိုလျှင်... ထိုဆန္ဒသည် တရားဥပဒေနှင့် ကိုယ်ကျင့်တရားကို ဆန့်ကျင်နေသောအရာမဟုတ်ပါက သူမကို အကောင်းဆုံးကူညီပေးမည်ဖြစ်သည်။' သူတော်စင်လေးပြောလိုက်သလိုပေါ့: 'တကယ်ပဲသူတို့နှစ်ယောက်ကြားထဲမှာ ရေစက်များရှိနေမလား?'
ဆုမော့မော့သည် အသည်းမာသူတစ်ယောက်မဟုတ်ပေ။ သူမ၏ ဝိဉာဉ်မိန်းကလေးအားမောင်းထုတ်ချင်သောဆန္ဒသည် မပြည့်ဝသောကြောင့် နောက်တစ်ကြိမ်ထပ်ပေါ်လာပါက မောင်းထုတ်တော့မည်မဟုတ်။ သူမသဘောနှင့်သူမထွက်သွားအောင်လုပ်နိုင်ရန်မှာ သူမ၏ဆန္ဒများကို လိုက်ဖြည့်ဆည်းပေးရန်သာရှိတော့သည်။
ESTÁS LEYENDO
My Wandering Spirit Lady[ဘာသာပြန်]