အခန်း (၂၉)/အခန္း (၂၉)

26 9 0
                                    

Unicode

အခန်း (၂၉) အသိတရား၊ကိုယ်ကျင့်တရားကိုပြန်ခေါ်ပေးခြင်း

မစ္စတာကျန်း ဒေါသမထိန်းနိုင်တော့ဘဲ ကားမောင်းထွက်နေပြီဖြစ်သော ကားဆရာကျောက်ရုံသယ်ရှေ့သို့ လွင့်မျောသွားလိုက်သည်။ မစ္စတာကျန်း ကားရှေ့မှန်တည့်တည့်ဆီလွင့်မျေားသွားရင်း အော်ဟစ်ကြုံးဝါးတော့သည်။

"မင်း လူမဆန်တဲ့လမ်းကိုရွေးပြီး ဒီလိုမျိုးသွေးစွန်းနေတဲ့ငွေတွေကိုယူလိုက်တော့ မိုးကြိုးပစ်ခံရမှာမကြောက်ဘူးလား? ငရဲကို မကြောက်ဘူးလား? မင်းမသေခင် ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ကံဆိုးမိုးမှောင်ကျမှာကို မကြောက်ဘူးလား။ ဒါတောင် မင်းကိုယ်မင်း လူလို့ခေါ်ရဲသေးတယ်လား၊ ဘယ်မှာလဲ မင်းရဲ့ကိုယ်ကျင့်သိက္ခာ!"

အလွန်တရာနားကြည်းမှု ခါးသီးမှုတို့ကြောင့် မစ္စတာကျန်းသည် သူ၏သေဆုံးစဉ်အခြေအနေဆီသို့ ပြန်ပြောင်းနေလေသည်။ မျက်နှာတစ်ခြမ်းသည် ပွင့်ထွက်နေပြီဖြစ်ပြီး အနီရောင်နှင့်အဖြူရောင်အရည်များသည် မျက်နှာမှစီးကျနေသည်။

ကျောက်ရုံသယ် သူ့ကိုမမြင်နိုင်တာတော့ ဝမ်းနည်းစရာပင်။ ကျောက်ရုံသယ်သည် လက်ရှိအခြေအနေတွင် စိတ်လှုပ်ရှားနေသလို စိတ်ပူပန်၍လည်းနေသည်။ ဤသို့သောကိစ္စဖြစ်ခဲ့သည်ကိုလည်း မယုံနိုင်သေး မယုံရဲသေး။ သူသည် ဘဝတစ်လျှောက်လုံးအလုပ်လာခဲ့သော်လည်း သူ့ဘဝတွင် ယခုကဲ့သို့ ငွေထုပ်ကြီးရရှိဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကားစတီယာရင်ပေါ်တွင် လက်တင်းထားရင်း ‌ကားရှေ့ခုံပေါ်ရှိ အနက်ရောင်သားရေအိတ်ကို လှည့်ကြည့်လိုက်သည်။

ယနေ့ညတွင် သယ်ယူပို့ဆောင်ရေးအလုပ်ကို နောက်ထပ် ထပ်လုပ်မည်မဟုတ်တော့ပေ။ ယခုတော့ နှစ်ပေါင်းများစွာကြာပြီးမှ တစ်ညလုံးအိပ်ရေးဝဝ ရှားရှားပါးပါးအိပ်ရတော့မည်။ ဘီယာအနည်းငယ်ဝယ်ကာ ဟင်းကောင်းကောင်းနှစ်ပွဲဝယ်ပြီး အိမ်ပြန်မည်။ ကောင်းကောင်းကြီးသောက်ပြီး ကောင်းကောင်းကြီးအိပ်ရတော့မည်...

သို့သော် ကျောက်ရုံသယ် ထိုအတွေးတို့ကို အမြန်ပယ်ချလိုက်သည်။ မဟုတ်သေးဘူး။ အိမ်အမြန်ပြန်သင့်တယ်။ ဓါးပြတစ်ယောက်ကသာ သူ့ပိုက်ဆံတွေအကုန်လုသွားပါက မည်သူ့ဆီမှသွားငို၍မရပေ။

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now