အခန်း (၅၃) the right girl

31 6 0
                                    

Unicode

အခန်း (၅၃) the right girl

ဆုမော့မော့အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ခေါင်းတွေတစ်ဆစ်ဆစ်ကိုက်လာသလိုပင်။ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ပေးဖို့ လန်ရှင်းချန်ကို အကူအညီတောင်းချင်သည်။ ဟင်း? သူအနားမှာမရှိတော့ ဆုမော့မော့ထွက်ပြေးချင်လာသည်။

ဆုမော့မော့သည် ယွီရှောင်ချန့်နဲ့အဝေးဆုံးဖြစ်သော နောက်ဆုံးခုံကို အလိုလိုရွေးမိသည်။

ဆုမော့မော့သည် ငယ်ရွယ်သော်လည်း စီနီယာကျသည်။ အဲလိုနေရာမှာထိုင်ခြင်းကို နားလည်ပေး၍ရသော်လည်း ဆုမော့မော့ကိုအားနာနေသော လီမင်ယီက ပြုံးပြီးပြောသည်။

"ရှောင်ဆု၊ ဒီမှာထိုင်လေ"

သူသည် ထိုစကားကို ‌ဘော့စ်ဘေးကနေရာကို လက်နဲ့ပုတ်ပြရင်းပြောသည်။ ထို့နောက် ဆုမော့မော့ဘေးကခုံမှာဝင်ထိုင်လိုက်သည်။ သံသယဖြစ်ဖွယ်မရှိ နောက်ဆုံးခုံးဖြစ်သည်။

ဆုမော့မော့သည် မှတ်စုစာအုပ်ကိုယူပြီး နဂိုကရှေ့နေလီမင်ယီထိုင်ခဲ့သောခုံတွင်ထိုင်လိုက်သည်။ စာအုပ်ကိုချလိုက်ပြီး ဆုမော့မော့မျက်နှာအနည်းငယ်ပူလာသလို ခံစားရသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လူများကိုကြည့်မိသည်.... လပ်တော့ပ်လေးလုံး၊ အပြတ်သားနားစွာဝတ်ဆင်ထားသော အနောက်တိုင်းဝတ်စုံလေးစုံနဲ့ သားရေဖိနပ်လေးရံ၊ သာမာန်မဟုတ်သောအကြည့်များနဲ့ အပြုံးအရယ်မရှိသောမျက်နှာများ....

ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်တော့.... ဘောပင်တစ်ချောင်းနဲ့မှတ်စုစာအုပ်နဲ့

‌ဘော့စ်က စကားစ,လာသည်။

"မိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ဒုဥက္ကဌယွီရှောင်ချန့်တဲ့။ စတန်းဖို့ဒ်တက္ကသိုလ်ကနေ စီးပွားရေးမေဂျာမှာ ဒေါက်တာဘွဲ့ရခဲ့တာလေ။ အရင်လကမှ နိုင်ငံခြားကပြန်လာတာ။ အခုလက်ရှိ ကျားကျားဂရုမှာ ဒုဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေတယ်"

ရွှေရောင်တလက်လက်တောက်ပနေတဲ့ခေါင်းစဉ်ကြီးတပ်ထားတဲ့ ဇာတ်လမ်းတွဲရဲ့ရိုက်ချက်ကြောင့် ဆုမော့မော့ ခေါင်းတွေမူးနောက်သွားရသည်။ နေပါဦး၊ သူကကော်ဖီဆိုင်က ဝန်ထမ်းမဟုတ်ဘူးလား? ကော်ဖီဆိုင်ဖွင့်ပြီး သရုပ်မှန်ကိုဖုံးထားတဲ့ ဂန်းစတားများဖြစ်နေမလား? ခွေးသွေးအိုင်ဒေါဒရမ်မာတွေထဲက ပေါင်းကူတံတားများဖြစ်နေမလား?

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora