အခန်း(၈) ကြင်နာတတ်သောအပြုအမူလေးတစ်ခု 

37 11 0
                                    

Unicode 

အခန်း(၈) ကြင်နာတတ်သောအပြုအမူလေးတစ်ခု

ဆုမော့မော့နှင့်လန်ရှင်းချန်သည် နာမည်ကြီးဟော့ပေါ့ဆိုင်တစ်ဆိုင်ဖြစ်သော 'ဟိုက်သယ်ဖျောင်'ဆိုင်တံခါးရှေ့ရောက်လာကြသည်။ ဆုမော့မော့ လမ်းလျှောက်နေရင်းကရပ်လိုက်ကာ ပြောသည်။

"ငါတို့လိုတာတွေဝယ်ပြီးပဲအိမ်မှာလုပ်စားကြမလား။"

"ဘာလို့လဲ?"

"သူများတွေက နင့်ကို မမြင်နိုင်ဘူးလေ။ အဲတော့ ငါတစ်ယောက်တည်း ဟော့ပေါ့ထိုင်စားဖို့က နည်းနည်းကြောင်တောင်တောင်နိုင်သလားလို့။"

"အိုက်ယား၊ ငါတို့ရောက်တောင်နေပြီပဲ။ ပြီးတော့လည်း နင်အိမ်မှာလုပ်စားမယ်ဆိုရင် ဟော့ပေါ့နံ့တွေက တစ်အိမ်လုံးပျံ့သွားလိမ့်မယ်။ ဆိုင်မှာ ထိုင်စားတာပိုကောင်းပါတယ်။"

"ဒါပေမယ့်..."

ဆုမော့မော့က အတော်လေးရှက်တတ်သူဖြစ်သည်။ သူမ တစ်ယောက်တည်းရှိနေလျှင်သာ ဗရုတ်သုတ်ခနိုင်ပေမယ့် လူအများရှေ့တွင်တော့ တည်ငြိမ်သူဖြစ်သည်။ သူမသည် သူမမောင်လေးကို အနိုင်ကျင့်ရန်ဖြစ်တတ်သူဖြစ်ပြီး မိဘများရှေ့တွင်လည်း လွတ်လွတ်လပ်လပ်နေချင်သလိုနေမည်ဖြစ်သော်လည်း အပြင်ထွက်သောအခါတွင်မူ တစ်ခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပေမည်။

ဆုမော့မော့သည် အထူးသဖြင့် ယောက်ျားလေးများနှင့် တစ်ယောက်တည်းတွေ့ဆုံရသည်ကို မနှစ်သက်ပေ။ မမြင်နိုင်သော ဖိအားတစ်ခုကို အမြဲခံစားနေရသည်။ ဥပမာ- ယနေ့လို့အင်တာဗျူးမှာပေါ့။ သူမဆီဖုန်းခေါ်စဉ်ကတော့ သေချာပေါက်အမျိုးသမီးတစ်ဦးပင်။ သို့သော် သူမ ကုမ္ပဏီသို့ရောက်သွားသောအခါ အင်တာဗျူးသူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေပေသည်။ ထိုသည်ကပင် သူမ လုပ်နေကြအတိုင်း ကောင်းကောင်းမလုပ်နိုင်သော အကြောင်းပြချက်များထဲမှတစ်ခုဖြစ်သည်။  

လန်ရှင်းချန် ဆုမော့မော့၏နှလုံးသားထဲမှ မနှစ်မြို့မှုများကို ဂရုမပြုမိ။ သူမ ဟော့ပေါ့ဆိုင်တံခါးသို့ အရင်ဖြတ်သွားလိုက်သည်။

My Wandering Spirit Lady[ဘာသာပြန်]Donde viven las historias. Descúbrelo ahora