အခန်း (၅၇) ညစာစားဖို့အိမ်ပြန်လာခြင်း

25 5 0
                                    


ဆုမော့မော့နဲ့လန်ရှင်းချန်တို့ ရှေ့နေရုံးသို့‌ရောက်လာကြသည်။ ဆုမော့မော့သည် ရှေ့နေလီမင်ယီရဲ့ရုံးခန်းဆီ ရှုန်ဟုန့်စီးရီးရဲ့ပထမကြားနာမှုရဲ့ဆုံးဖြတ်ချက်နဲ့ ဆက်စပ်တွေ့ရှိချက်များကိုကိုင်ကာ လျှောက်သွားလိုက်သည်။

"ရှောင်ဆုပဲ။ လာထိုင်လှည့်လေ"

"ရှေ့နေလီ ဒုဥက္ကဌယွီရဲ့အမှုနဲ့အလားတူအမှုတစ်ချို့ကို ကျမရှာတွေ့ခဲ့တယ်။ ရှေ့နေလီတစ်ချက်လောက်ကြည့်ပေးလို့ရမလား?"

"အိုး၊ ကောင်းပြီ၊ ထားခဲ့လိုက်လေ။ ကော်ပီယူထားသေးလား?"

"ဟုတ်ကဲ့ ယူထားပါတယ်။ ဒီအမှုအကြောင်း ကျမ ရှေ့နေလီကိုမေးချင်လို့။ ရှေ့နေလီစိတ်ထဲမှာ တိုးတက်မှုရှိတယ်လို့ထင်လား?"

"အင်းး... ငါ့မှာအခုတာဝန်ယူထားတဲ့အမှုတစ်ခုရှိနေတယ်။ တရားခွင်က သုံးရက်အတွင်းလာမှာဆိုတော့ တခြားအမှုအကြောင်း စဉ်းစားဖို့အချိန်မရဘူးဖြစ်နေတယ်"
ဆုမော့မော့ ဇဝေဇဝါဖြစ်သွားသည်။ လန်ရှင်းချန်ကိုလှည့်ကြည့်လိုက်သည်။ လန်ရှင်းချန်ကခေါင်းခါပြသည်။ လန်ရှင်းချန်မှာ စိတ်ဖတ်နိုင်စွမ်းမရှိတော့သည်ကို ဆုမော့မော့မှတ်မိသွားသည်။ ဆုမော့မော့ စိတ်ညစ်လိုက်တာလို့မခံစားရတာ ထူးဆန်းပါသည်။ နောက်ဆုံးတစ်ခေါက်တုန်းကလည်း ပျာယာမခတ်သလို အနှောင့်အယှက်ဖြစ်တယ်လို့ မခံစားရပေ။

"အခုလက်ရှိတာဝန်ယူထားတဲ့အမှုမပြီးမချင်း ဘယ်အမှုအသစ်မှကိုင်မှာမဟုတ်ဘူး။ ငါ မင်းကိုမပြခင် ချုပ်စရာရှိတာချုပ်ပြီး ခွဲစရာရှိတာခွဲထားလိုက်မယ်"

"ရှောင်ဆု၊ မင်းသိပါတယ်.... ငါက ပြစ်မှုဆိုင်ရာဌာနရဲ့ခေါင်းဆောင်ဆိုတာ။ ငါကလူတွေရဲ့ဘဝအတွက် ကိုယ်စားပြုဆောင်ရွက်ပေးနေရတာ။ ငါဒီအမှုကိုမျက်နှာလွှဲထားမှာမဟုတ်ပါဘူး။ မင်းကိုပဲ အရင်ဆုံး ဒုက္ခပေးရတော့မှာပဲ"

"ကိစ္စမရှိပါဘူး။ ကျမ ရှေ့နေလီကိုအရင်ဆုံး သတင်းပေးတင်ပြပါ့မယ်။ ရှေ့နေလီ အချိန်ရှိတဲ့အခါကျ ဖတ်လို့ရတာပေါ့။ ကျမအရင်သွားနှင့်လိုက်ပါမယ်"

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now