အခန်း (၆၀)

21 5 4
                                    

ဆုမော့မော့နဲ့အနီးကပ်ဆုံးတွင်ရှိနေပါသောလန်ရှင်းချန်သည် မနက်စာအတွက် ရိုးရှင်းပြီးအာဟာရရှိတာကို ပြင်ပေးသည်။ နွားနို့အုတ်ဂျုံဆန်ပြုတ်သည် လိုတာထက်နည်းနည်းပိုနေရုံသာရှိသည်။ ကုန်အောင်မစားနိုင်သော ဆုမော့မော့ကိုကြည့်ပြီး လန်ရှင်းချန် သတိပေး လိုက်တယ်။

"ကျန်သေးတယ်လေ။ စားဦး။ ကုန်အောင်စား။ မနေ့က နေ့လည်စာကို ပေါင်မုန့်လေးတစ်ချပ်ပဲစားထားတာလေ။ မနက်စာကို နည်းနည်းပိုစားလိုက်တာ ဘာမှမဖြစ်ဘူး စား"

ဆုမော့မော့ နှုတ်ခမ်းဆူလိုက်တယ်။
"ဟာ အုတ်ဂျုံတွေက အမျှင်ဓါတ်များလွန်းပြီး အရသာကျလည်းမကောင်းဘူးလေ။ နင်ငါ့အတွက်စားပေးမလား? နောက်ဆုံးတော့ ငါ့ဗိုက်ထဲပဲရောက်သွားမှာပဲလေ"

လန်ရှင်းချန် ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက် ဆုမော့မော့ခန္ဓာကိုယ်ဆီ ယိုင်းယိုင်သွားလိုက်တယ်။ ပြီးတော့ ကျန်နေသေးတဲ့ဆန်ပြုတ်ကို ကုန်အောင်စားလိုက်တယ်။ အချိန်ကိုကြည့်လိုက်တော့ အချိန်ရသေးကြောင်းသိလိုက်ရတယ်။ ကျောက်ပွင့်တွေကိုရေစိမ်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်တယ်။

အချိန်ကိုတွက်ကြည့်လိုက်ရာ သူတို့ ညနေစွတ်ပြုတ်ချက်ရန် အိမိပြန်လာနိုင်တယ်။

အတူတူအိမ်ထဲကထွက်လာကြပြီး ရှေ့နေရုံးကိုရောက်သည်။ လန်ရှင်းချန်ပြောတဲ့အတိုင်း အလုပ်ကိုစရောက်တာနဲ့ အပျင်းတစ်နေတဲ့ပုံလုပ်လိုက်တယ်။ အရင်ဆုံး သတင်းတွေရှာကြည့်လိုက်ပြီး ဖွင့်ထားလိုက်တယ်။

လန်ရှင်းချန် စနောက်လိုက်တယ်။
"နင့်မှာ တကယ်ကို စုံထောက်တစ်ယောက်ဖြစ်နိုင်တဲ့အလားအလာ မရှိဘူးပဲ။ နင်သာစုံထောက်ဖြစ်ခဲ့မယ်ဆိုရင် ဂျိန်းစဘွန်းလိုများဝတ်တော့မှာလား"

ဆုမော့မော့ လန်ရှင်းချန်ကို မျက်လုံးလှန်ကြည့်ရင်း ပြန်ပြောလိုက်တယ်။
"နင်ပဲ အပျင်းမကြီးလိုနေဆို။ ဟော နေပြန်တော့လည်း စိတ်ကျေနပ်မှုမရှိဘူးတဲ့လား"

လန်ရှင်းချန်က ဆက်ပြောတယ်။
"အခြေနေနဲ့အ‌ချိန်ခါကြည့်နေခိုင်းတာလေ!"

My Wandering Spirit Lady[ဘာသာပြန်]Où les histoires vivent. Découvrez maintenant