အခန်း (၅၂) ထပ်မံတွေ့ဆုံခြင်း

26 6 2
                                    

Unicode

အခန်း (၅၂) ထပ်မံတွေ့ဆုံခြင်း

လန်ရှင်းချန် ပြန်မလာတာ ဆယ်ရက်ပင်ရှိနေပြီဖြစ်သည်။

ပထမနှစ်ရက်ကတော့ ကိုယ့်အတွေးတွေထိန်းချုပ်ဖို့အချိန်ရလို့တော်သေးတယ်ဆိုပြီး ဆုမော့မော့တိတ်တိတ်လေးဝမ်းသာနေသေးသည်။ သူ့ရဲ့အတွေးတွေကို မြင်သွားပြီး တစ်ဖက်လူထွက်သွားမှာ စိုးရိမ်နေခဲ့သည်။

တတိယမြောက်ရက်တွင် ဆုမော့မော့အစာအိမ်က ဆန္ဒပြလာသည်။ ထမင်းကြော်တစ်ပွဲမှာစားလိုက်သည်။ ဆီတရွှဲရွှဲဖြစ်သောထမင်းကြော်ကိုကြည့်ပြီး စားချင်စိတ်တစ်ဝက်လောက်လျော့သွားသည်။ မြည်းကြည့်ပြီးနောက် ထွေးထုတ်မိမတတ်ပင်ဖြစ်သွားရသည်။ ဆီရွှဲရုံတင်မကဘူး အချိုးအဆအရသာကလည်းမကောင်း။ သောက်ကျိုးနည်းပဲ။ အရေးကြီးဆုံးအချက်ကတော့ အရသာမှုရဲ့အရသာပင်ဖြစ်သည်။ ထိုအရာသာက အစားအသောက်ရဲ့နဂိုရှိရင်းစွဲအရသာကို ဖုံးလွှမ်းပစ်လိုက်တာပဲ။

ဆုမော့မော့ စားချင်စိတ်လုံးဝမရှိ‌တော့ပေ။ နှလုံးသာထဲလစ်ဟာနေသလိုခံစားရသည်။ ထို့နောက်မှ သူနားလည်လိုက်သည်။

'ဘာလို့ဒီနေ့မှထမင်းကြော်စားချင်ရတာလဲ? သူ့ကိုလွမ်းနေတာများလား?'

ထမင်းကြော်သည် ဆုမော့မော့အတွက် လန်ရှင်းချန်ပထမဆုံးချက်ပေးသော ဟင်းလျာဖြစ်သည်။ အရသာကိုအမြဲမှတ်မိနေသည်။ တမူထူးခြားပြီး အမိုက်စားအရသာဖြစ်သည်။

ဆုမော့မော့ နှုတ်ခမ်းလေးများကို ကွေးလိုက်သည်။ တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။

ဒီတစ်ခေါက် လန်ရှင်းချန်က ခရီးသွားမည့်အကြောင်း သူ့ကိုကြိုပြီးအသိပေးလာသော်လည်း ဒီတစ်ခေါက် အရမ်းကြာမယ်လို့ ဆုမော့မော့မထင်ထားခဲ့။ အပလောကနဲ့လူ့လောကရဲ့အချိန်ကွာခြားချက်ကြောင့်လား? လူ့လောကမှာ တစ်ရက်က အပလောကမှာ ဆယ်ရက်မလား?

ဒီတော့..... လန်ရှင်းချန်က အပလောကကိုရက်တစ်ရာကြီးများတောင် ပြန်သွားတာလား? ဘာတွေဒီလောက်အရေးကြီးနေပါလိမ့်? ဒီလောက်ကြာတာတောင်မပြီးသေးဘူးလား?

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now