Unicode
အခန်း(၁၃) သူမရဲ့လက်စွပ်
လန်ရှင်းချန် စားပွဲပေါ်တွင် ကြက်ဥထမင်းကြော်ပန်းကန်လေး တင်လိုက်သည်။ ထိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်ထိန်းချုပ်မှုကို ဆုမော့မော့အား ပြန်ပေးလိုက်သည်။
"စားကြည့်၊ အရသာဘယ်လိုရှိလဲလို့?"
လန်ရှင်းချန်အသံတွင် ပျော်ရွှင်မှုတို့ ပြည့်နေပုံပေါ်သည်။ သူမလေသံသည် တက်ကြွနေသောလေသံလည်းဖြစ်နေသည်။
ဆုမော့မော့ ကြက်ဥထမင်းကြော် တစ်ဇွန်းခပ်ကာ ပါးပစ်ထဲထည့်လိုက်သည်။ ကြက်ဥထမင်းကြော်၏ မွှေးရနံ့သည် သူမခံတွင်းအပြည့် ချက်ချင်းပြည့်သွားရသည်။
"အရမ်းကောင်းတယ်!"
ဆုမော့မော့ သူမရင်ထဲနှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
"အိမ်မှာ ကြက်သွန်မြိတ်မရှိတာ နာတာပဲ။ မဟုတ်ရင် အရသာ ပိုမိုက်မှာ။ ငါနောက်တစ်ခါကျ တစ်ခြားထမင်းကြော်တွေ လုပ်ကျွေးမယ်။ အရသာပိုကောင်းချင်ရင် လတ်လတ်ဆတ်ဆတ်ဝါးရွက်လေးနဲ့ ဝက်ပေါင်ခြောက်လေးနဲ့ တွဲစားရတယ်။"
ဆုမော့မော့ နားလည်ပုံဖြင့် ပြုံးပြလိုက်သည်။ ဝိဉာဉ်မလေးအသက်ရှင်စဉ်က မည်သို့သောလူမျိုးဖြစ်ခဲ့သည်ကို ဆုမော့မော့ ပို၍ပို၍ သိချင်လာသည်။ ဝိဉာဉ်မလေးသည် သူမနှင့် သက်တူရွယ်တူလောက်ပဲ ဖြစ်မည်မှာ သေချာသော်လည်း သူမ လုပ်တတ်ကိုင်တတ်သည်က များသည်လေ။
အခုလောလောဆယ် သူမ သိသည်မှာ ဝိဉာဉ်မလေးသည် ထီလက်အရောင်းဆိုင်တွင် တစ်နှစ်ခွဲကြာ အချိန်ပိုင်းအလုပ် လုပ်ခဲ့ဖူးသည်။ တစ်ဖန် ဟိုတယ်စားဖိုဆောင်တွင်လည်း အချိန်ပိုင်းအလုပ် လုပ်ဖူးပြန်သည်။ ထို့အပြင် ရှေ့နေစုန့်နှင့် ထိပ်တိုက်ရင်ဆိုင်နေစဉ်တုန်းက ဆုမော့မော့ပြောနိုင်သည်မှာ သူမ ဥပဒေအကြောင်းလည်း အတိအကျနားလည်နေသည် ဆိုတာပင်။ သာမန်မိန်းကလေးတိုင်း မပိုင်ဆိုင်နိုင်သော ခံ့ညားထည်ဝါသော အပြုအမူမျိုးကို ပိုင်ဆိုင်ထားလေသည်။
ဆုမော့မော့သည် ရိုးရိုးကြက်ဥထမင်းကြော်တစ်ပန်းကန်ကို ခံတွင်းမြိန်စွာ စားခဲ့သည်မှာ သူမ အမှန်တစ်ကယ်ကို ဆာလောင်နေသောကြောင့် ဖြစ်နိုင်ပါသည်။ ဝိဉာဉ်မလေး သူမအတွေးများကို ဖတ်နေသည် မဖတ်နေသည်ကို ဘယ်သူများသိနိုင်ပါ့မလဲ။ သို့သော်လည်း ကြက်ဥထမင်းကြော်၏ အရသာသည် သူမအကြိုက်နှင့် အလွန်ပင်ကိုက်ညီလေသည်။
ESTÁS LEYENDO
My Wandering Spirit Lady[ဘာသာပြန်]