အခန်း (၆၂)

30 5 2
                                    

သူအမြန်လွတ်အောင်ရှောင်နေသော်လည်း လင်းနို့‌ေတွက သူ့ကို တစ်နေရာဆီလမ်းညွှန်‌ေန‌ေကြာင်း တဖြည်းဖြည်းသဘောပေါက်လာတယ်။ လင်းနို့တစ်ကောင်က သူ့ဝိဉာဉ်ကိုဖြတ်သွားတဲ့အခါတိုင်း လန်ရှင်းချန်ကို ချမ်းစိမ့်စိမ့်အထိအတွေ့တစ်ခု ဖြစ်ပေါ်စေတယ်။ ခံစားနေရသည်ကို ရှောင်ချင်သောကြောင့် လင်းနို့တွေ သူ့ကိုမထိအောင် အလိုလိုရှောင်တိမ်းမိသွားပြီး ထိုလင်းနို့အုပ်ကြီး သွားစေချင်သော အမည်မသိအရပ်ကို လိုက်သွားလိုက်တယ်။ တစ်ခုခုတော့မှားနေပြီးဖြစ်ကြောင်း ခံစားမလိုက်ချိန်မှာတော့ အရမ်းနောက်ကျသွားပြီ။

ညသန်းခေါင်ကောင်းကင်ယံမှာ လပြည့်ဝန်းကြီးချိတ်ဆွဲနေတယ်။ ပုံမှန်ဆို ဝိဉာဉ်တစ်ယောက်အနေနဲ့ လန်ရှင်းချန်ရဲ့ အစွမ်းကတည်ငြိမ်နေတယ်။ သို့သော် သူ့ဝိဉာဉ်ကိုဖြတ်သန်းပျံသွားကြသောလင်းနို့များ ချန်ထားခဲ့သောအဆိပ်အတောက်များ‌က လန်ရှင်းချန်ရဲ့အစွမ်းကို အားနည်း‌သွားစေတယ်။ သူ အရှိန်နှေးသွားပြီး လင်းနို့အုပ်ကြီးက အရန်သင့်စောင့်ကာ တဟုန်ထိုး ဝိုင်းပြီး တိုက်ခိုက်ကြတော့တယ်။

လန်ရှင်းချန်သည် လင်းနို့များရဲ့ အနှောက်အယှက်မှ လွတ်မြောက်ရန် ခွန်အားမရှိခဲ့ပေ။ စိတ်ပျက်လက်ပျက်ဖြင့် သူ့ အိတ်ကပ်ထဲလက်နှိုက်ကာ မသုံးတာကြာပြီဖြစ်သောခေါင်းလောင်းကို လှုပ်ခါလိုက်ပြီး ဟောင်ကျယ်ဖန်ကို အကူအညီလှမ်းတောင်းတယ်။

ကံမကောင်းစွာနဲ့ပဲ အခုအချိန်က လူ့လောကမှာ ညအချိန်ဖြစ်နေတယ်။ ရှန်းယန်မြို့မှာ ဟောင်ကျယ်ဖန်ရဲ့ ဝိဉာဉ်လိုက်ဖမ်းတဲ့တာဝန်ချိန်မဟုတ်တော့ဘူး။ သူရှုံးနိမ့်တော့မယ့် လင်းနို့နဲ့တိုက်ပွဲကို အာရုံရောက်နေတော့ သူ့ခါးနားက တချွင်ချွင်အသံကို သတိမထားမိပေ။

လင်းနို့တွေနဲ့ ဆက်တိုက်တိုက်ခိုက်နေရင်း အားတွေယုတ်လာတာကိုခံစားလိုက်ရပြီးနောက် တစ်နေရာသို့ လန်ရှင်းချန် ဆွဲခေါ်ခံလိုက်ရတော့တယ်။

အတောင်ပံတဖျတ်ဖျတ်ခတ်သံနဲ့အတူ လင်းနို့အုပ်ကြီးဟာ နေရာအသီးသီးယူထားကြပြီး လန်ရှင်းချန်နဲ့ မနီးမဝေးနေရာတွင် ပြွတ်သိပ်နေသော အုပ်စုတစ်စုအသွင်ဆောင်ထားတယ်။
လန်ရှင်းချန် ပတ်ဝန်းကျင်ကိုကြညါ့လိုက်တော့ ရှန်းယန်မြို့အပြင်ဘက်ကို လင်းနို့အုပ်က ခေါ်လာကြောင်း သိလိုက်ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုလွှမ်းခြုံထားတယ်။ခြေထောက်အောက်ရှိ ညစ်ပေနေသော အနက်ရောင်ကတ္တရာလမ်းမှလွဲ၍ လမ်းမီးမရှိ ဘာအဆောက်အအုံမှလည်းမရှိပေ။

My Wandering Spirit Lady[ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang