အခန်း(၁၁) ပထမဆုံးအကြိမ်အဖြစ်ထွက်ပေါ်လာခြင်း

36 11 0
                                    

Unicode

အခန်း(၁၁) ပထမဆုံးအကြိမ်အဖြစ်ထွက်ပေါ်လာခြင်း

စုန့်ချိန်ကျုံ ဘာတွေးနေမှန်း လန်ရှင်းချန် ဖတ်နိုင်သည်။ ရှေ့နေရုံး၏ဝင်ပေါက်နှင့် ကော်ရစ်တာများတွင် စီစီတီဗီများတပ်ဆင်ထားသည်။

စုန့်ချိန်ကျုံသည် တစ်ချိန်လုံး ဖော်ရွေပျူငှာပြထားသည်ဖြစ်၍ ဆုမော့မော့နှင့် အကွာအဝေးတစ်ခု အမြဲခြားထားခဲ့ရသည်။ ထိုအရာသည် သူ့ကြိုတင်ကြံစည်မှုများထဲမှတစ်ခုဖြစ်သည်။

စုန့်ချိန်ကျုံ၏ယုတ်မာမည့်အကြံအစည် အောင်မြင်ခဲ့သည်ရှိသော် ဆုမော့မော့က တိုင်တန်းခဲ့လျှင်သော်လည်းကောင်း သူမကိုယ်ကိုကာကွယ်ရန် သူ့အားစွဲချက်တင်လျှင်သော်လည်းကောင်း ထိုလူက စီစီတီဗီမှတ်တမ်းများကို သက်သေအဖြစ်တင်ပြပေလိမ့်မည်။ ဆုမော့မော့နှင့် သူသည် romantic relationshipတစ်ခုရှိခဲ့ကြောင်း၊ ဆုမော့မော့ကလည်း သဘောတူလက်ခံကြောင်း သက်သေပြလိမ့်မည်! ဆုမော့မော့က ကိုယ့်တက်လမ်းအတွက် သူ့ကိုဆွဲဆောင်လာသည်ဖြစ်ကြောင်းပင်ပြောနိုင်သည်။ ဤအကြောင်းအရာတို့ကို ဆုမော့မော့ကို ခြိမ်းခြောက်ရန် သူမကိုယ်သူမ တရားဥပဒေအရကာကွယ်ခွင့်ကို စွန့်လွှတ်ဖို့ ဖိအားပေးရန် သုံးနိုင်သည်။

စုန့်ချိန်ကျုံသည် အလွန်ပင်စိတ်ရှည်သည်။ သူသည် အနည်းဆုံးတစ်လကြာအောင် အချိန်ယူ၍ ဆုမော့မော့နှင့် 'အတူတူဝင်မည်၊ထွက်မည်'။ သူ့ကားကိုလည်း စီစီတီဗီမြင်ကွင်းရှေ့တွင်သာ ပါကင်ထိုးထားမည်။ တစ်နေ့နေ့၌ စုန့်ချိန်ကျုံသည် ဆုမော့မော့အား အရူးကွက်နင်း၍ ကားထဲသို့ခေါ်သွင်းနိုင်ခဲ့သည်ရှိသော် လုံးဝပင်ရှင်းပြ၍ရနိုင်တော့မည်မဟုတ်!

လန်ရှင်းချန်သည် သူမဝိဉာဉ်ပျံ့ကျဲသွားမတတ်ခံစားပြီးမှ ရရှိလာခဲ့သော၊ ဤမျှကြီးမားလှသောအစွမ်းကို ရရှိလာရခြင်းသည် အလျင်အစွမ်းနှစ်ခုကိုရရှိထားပြီးသောကြောင့်ဖြစ်သည်။

ပထမဆုံးအစွမ်းသည် 'ဝိဉာဉ်မျက်လုံး' ဖြစ်သည်။

သူမသည် လူတစ်ယောက်၏ကံကောင်းမှုကို ထိုလူ၏ခေါင်းထိပ်၌ မြင်နေရသည်။ ကံကောင်းခြင်းအရောင်ကိုလိုက်၍ ထိုလူ၏လတ်တလောအနာဂတ်နှင့်အတူ ထိုလူ၏ပင်ကိုယ်စရိုက်ကိုလည်း သိမြင်နိုင်သည်။

My Wandering Spirit Lady[ဘာသာပြန်]Место, где живут истории. Откройте их для себя