အခန်း (၁၅) ကံကြမ္မာဆိုး ကျရောက်လာခြင်း

36 12 2
                                    

Unicode

အခန်း (၁၅) ကံကြမ္မာဆိုး ကျရောက်လာခြင်း  

တနင်္လာနေ့တွင် ဆုမော့မော့သည် ရှေ့နေရုံးသို့ အချိန်အတိအကျပင် ရောက်ရှိလာခဲ့သည်။

ယခုဆိုလျှင် လန်ရှင်းချန်နှင့် ဆုမော့မော့ တစ်ကိုယ့်နှစ်စိတ်ဖြစ်နေသည်မှာ နာရီပေါင်း ခုနှစ်ဆယ်နီးပါး ရှိပြီဖြစ်သော်လည်း လန်ရှင်းချန် ဆုမော့မော့ခန္ဓာကိုယ်မှ ခွဲထွက်နိုင်ခြင်း မရှိသေးပေ......  

ပိတ်ရက်ကုန်ဆုံးသွားသော်လည်း စုန့်ချိန်ကျုံနှင့် ထပ်တွေ့ရန် ဆုမော့မော့ အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲ။ သူမသည် လန်ရှင်းချန်လို စိတ်မာသူတစ်ယောက် မဟုတ်ပေ။ လွန်ခဲ့သော သောကြာနေ့က လန်ရှင်းချန်သည် ဆုမော့မော့၏ခန္ဓာကိုယ်ထဲတွင်နေ၍ စီနီယာရှေ့နေ စုန့်ချိန်ကျုံနှင့် တစ်ပွဲတစ်လမ်းနွှဲခဲ့သေးသည်။ ထို့ကြောင့် ဆုမော့မော့ စိုးရိမ်နေသည်မှာ စုန့်ချိန်ကျုံသည် ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ကြောင့် အာဏာသုံးကာ အနိုင်ကျင့်မှာကိုပင်။

ကံကောင်းထောက်မစွာဖြင့် လန်ရှင်းချန်သည် ဆုမော့မော့နှင့် အချိန်တိုင်းအတူရှိနေခဲ့သည်။ သူမ(လန်ရှင်းချန်)သည် သူမ(ဆုမော့မော့)အား အချိန်တိုင်း အန္တရာယ်ကင်းကြောင်း အာမခံချက်ပေးနေပြီး စုန့်ချိန်ကျုံ၏ ရည်ရွယ်ချက် စိတ်နေစိတ်ထားတို့ကို သူမ၏ စိတ်ဖတ်နိုင်စွမ်းကို သုံးကာ စိတ်ဖတ်ပေးသည်။ လန်ရှင်းချန် ဆုမော့မော့ကို ပြောဖူးသည် စုန့်ချိန်ကျုံက သူမကို မုန်းတယ်ဆိုပေမယ့် သူ ခက်ခက်ခဲခဲရရှိထားတဲ့ ဂုဏ်သိက္ခာလေးကို သူမ ဖျက်ဆီးပစ်လိုက်မှာကို စိုးရိမ်နေတယ်တဲ့။ ထိုအကြောင်းကြောင့်ပဲ သူ ဆုမော့မော့ကို အခု လာမနှောင့်ယှက်ရဲတာတဲ့။

ဆုမော့မော့ လန်ရှင်းချန်ဆီမှ ထိုစကားကို ကြားလိုက်ရသောအခါတွင် လုံးဝကို ယုံကြည်စိတ်ချသွားခဲ့သည်။ သူမ စုန့်ချိန်ကျုံကို သတိထားပြီး ရှောင်နေသ၍ အလားတူပြဿနာမျိုး နောက်ထပ်ပေါ်လာမည်မဟုတ်ဟု တွေးလိုက်သည်။

"မကြောက်ပါနဲ့။ ငါ နင့်ကို ကာကွယ်ပေးမယ်။ အဲ့လူ နင့်အပေါ် မကောင်းတဲ့ အကြံအစည်ရှိရင် ပထမဆုံးသိမယ့်သူက ငါပဲ။ ဒီတော့ နင်က ဘာမှမစိုးရိမ်ဘဲနဲ့ ဒီမှာ အတွေ့အကြုံရအောင်သာ ကြိုးစား။"  

My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now